Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 17, 2014

ဆယ်နှစ်နီးပါးခန့် လိင်ကျွန် ပြုခံခဲ့ရသူ ဆွံ့အနားမကြား မိန်းကလေး အား အိမ်ရှင်ဖြစ်သူထံမှ အမေရိကန် ဒေါ်လာ ၁၆၀၀၀၀ ခန့် ရရှိမည်

လန်ဒန် ၊ ၁၇-၁၀-၂၀၁၄

ဗြိတိန်နိုင်ငံ သို့ လူမှောင်ခိုကူး ခံခဲ့ရပြီး ဆယ်စုနှစ် တစ်ခုနီးပါး လိင်ကျွန်ပြု ခံခဲ့ရသည့် ဆွံ့အ နားမကြား မိန်းကလေးငယ် တစ်ဦးသည် သူမကို ဖမ်းဆီး ထားသူများ ထံမှ အမေရိကန် ဒေါ်လာ ၁၆ဝဝဝဝ ခန့် (စတာလင်ပေါင် ၁ဝဝဝဝဝ) ရရှိမည် ဖြစ်ကြောင်း အောက်တိုဘာ ၁၅ ရက်တွင် ဗြိတိန် တရားရုံး တစ်ခုက ပြောကြားသည်။

အဆိုပါ မိန်းကလေးသည် အသက် ၁ဝ နှစ်အရွယ် တွင် ပါကစ္စတန် နိုင်ငံမှ လူမှောင်ခို ကူးခြင်း ခံခဲ့ရခြင်း ဖြစ်ပြီး ယခု အချိန်တွင် အသက် ၂ဝ ပြည့်ပြီ ဖြစ်ကြောင်း သိရသည်။ သူမသည် အသက် ၈၅ နှစ် အရွယ်ရှိ အိမ်ရှင် အမျိုးသားကြီး ၏ အဓမ္မ ပြုကျင့်မှုကို အကြိမ်ပေါင်း များစွာ ခံခဲ့ရသည့် အပြင် အသက် ၆၇ နှစ်အရွယ်ရှိ အိမ်ရှင် အမျိုးသမီး ကြီး၏ ကျေးကျွန်အဖြစ် နှစ်ပေါင်း များစွာ အလုပ်လုပ် ပေးခဲ့ ရသည်ဟု သိရသည်။

ငွေကြေး ခဝါချမှု နှင့်ပတ်သက်၍ အာဏာပိုင် များက အိမ်ရှင် ဇနီးမောင်နှံ၏ နေအိမ်ကို ဝင်ရောက် စစ်ဆေးရာမှ မြေအောက်ခန်း တစ်နေရာ၌ အဆိုပါ မိန်းကလေးကို စုံစမ်း စစ်ဆေးသူ များက တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်ဟု
သိရသည်။ ယခု အချိန်တွင် အဆိုပါ မိန်းကလေး သည် အိမ်ရှင် ဇနီးမောင်နှံကို တရားစွဲဆို ရာတွင် သက်သေခံ ပေးနိုင်သည့် သင်္ကေတ များကို လေ့လာ သင်ယူလျက် ရှိသည်။

တရားရုံး၏ တွက်ချက်မှု အရ အဆိုပါ မိန်းကလေး သည် တစ်နေ့ လုပ်အားခ အနည်းဆုံး ဖြစ်သည့် လုပ်ခငွေနှင့် တွက်လျှင်ပင် အိမ်ရှင် ဇနီးမောင်နှံ ထံမှ စတာလင်ပေါင် ၁ဝ၁၃ဝဝ ပေါင်ခန့် အထိ ရရှိနိုင် သည်ဟု သိရှိရသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ