Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 7, 2014

သျှမ်း/တောင် ပင်လုံအနီးတွင်လည်း အစိုးရ တပ်မတော်နှင့် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်

အောက်တိုဘာ ရ ရက် ၂၀၁၄

အောက်တိုဘာလ ၆ ရက် နံနက်ပိုင်းအချိန်က သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ်နှင့် လဲချားမြို့နယ်အကြားတွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့နှင့် အစိုးရ တပ်မတော်တို့ အကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းသျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ သိရသည်။

“ပစ်တာလို့တော့ ကျနော်တို့ကြားတယ်။ ကျွန်နော်တို့ဘက်က လမ်းမပေါ်မှာ ပစ်ခတ်တိုက်ခိုက်ဖို့ ညွန်ကြားချက်တွေမရှိပါဘူး။ ကျနော်တို့နယ်မြေ ဆိုပေမယ့်လည်း တခြား လက်နက်ကိုင် အဖွဲ့တွေလည်း ရှိတယ်။ဘယ်အဖွဲ့နဲ့ ဖြစ်တာလည်းဆိုတာ သေချာအတည်ပြုလို့ မရသေးဘူး” ဟု RCSS/SSA၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဆက်ဆံရေးရုံး တောင်ကြီး တာဝန်ခံဗိုလ်မှူးစိုင်းဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပင်လုံမြို့နှင့် ၁၆ မိုင်အကွာ နောင်လိုင် ကျေးရွာအုပ်စုတွင် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပင်လုံမြို့နယ် ခွဲနောင်လိုင် ကျေးရွာ အုပ်စုမှ ဒေသခံတစ်ဦးက -

“ဖြစ်တာကနှစ်နေရာ။ နမ့်နောင်ရွာဘေးက မနက် ၆နာရီခွဲကျော်နဲ့ နောင်လိုင်ရွာရဲ့ မြောက်ဘက်မှာက မနက်၁၀နာရီခွဲကျော်ချိန်မှာထပ်ဖြစ်တယ်။ အစိုးရ တပ်မတော် ကားမှန်ကွဲ သွားတယ်။ ပြီးတော့ အစိုးရဘက်က တစ်ယောက်ထိသွားတယ်” ဟုဆိုသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA)က ကားလမ်းဖြတ်ကူးရင်း အစိုးရစစ်တပ်နှင့် ရင်ဆိုင်တိုးမိရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အတည် မပြုနိုင်သည့် သတင်းရပ်ကွက်မှ သိရသည်။

တိုက်ပွဲဖြစ်ပွားရာဒေသတွင်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) အပြင်မန့်ပန်ပြည်သူ့စစ်တပ်မဟာ (၇၅၈) နှင့်ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပအိုဝ်းပြည်သူ့စစ်တို့လည်း လှုပ်ရှားလျှက်ရှိကြောင်း RCSS/SSA မှ သိရသည်။

သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/သျှမ်းပြည် တပ်မတော်သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ၂၀၁၂ မေလတွင်ဒုတိယအကြိမ်တွေ့ဆုံခဲ့ပြီးပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိခဲ့သည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ