Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 17, 2014

မြိတ်တွင် မဂ္ဂါဝပ် ၁၈၀၀ လျှပ်စစ်စီမံကိန်းအတွက် ဆန်းစစ်ကြရန် သဘောတူ

တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာ လျှပ်စစ်မဂ္ဂါဝပ် ၁၈၀၀ ထုတ်လုပ်မယ့်  “ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း” အတွက် ရှေ့ပြေးဆန်းစစ်ကြဖို့ နားလည်မှုစာချွန်လွှာကို အစိုးရနဲ့ ကုမ္ပဏီတွေက သဘောတူလက်မှတ်ထိုးကြပါတယ်။

အမေရိကန်ဒေါ်လာ သန်း ၃၅၀၀ လောက် ရင်းနှီးမြှုပ်နှံ မှာဖြစ်ပြီး လုပ်ငန်းဖြစ်နိုင်ချေ ရှိ၊ မရှိ ဆန်းစစ်ချက် (FS)၊ သဘာဝနဲ့ လူမှုပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆန်းစစ်ချက် (EIA/SIA) တွေ ဆောင်ရွက်ကြဖို့ အောက်တိုဘာ ၉ ရက်နေ့က နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဂျပန်နိုင်ငံမှ မာရူဘီနီ ကော်ပိုရေးရှင်း(Marubeni Corporation)၊ ထိုင်းနိုင်ငံမှ GPSC (PTT Group member)၊ ထိုင်းနိုင်ငံမှ အစိုးရအဖွဲ့ပိုင် EGAI-I၊ Sri Synergy၊ မြန်မာနိုင်ငံမှ ဧရာဟင်္သာကုမ္မဏီတို့ ပူးပေါင်းပါဝင်သောအဖွဲ့နဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ လက်မှတ်ရေး ထိုးကြတယ်လို့ လက်မှတ်ရေးထိုးသူ ဧရာဟင်္သာကုမ္ပဏီ မန်းနေဂျင်းဒါရိုက်တာ ဦးရဲမင်းအောင်က ပြောပါတယ်။

“အဓိက ကျနော်တို့ ရည်ရွယ်ချက်က လျပ်စစ်ဓာတ်အား ထုတ်မယ်။ ထုတ်ပြီးရင် ကျနော်တို့က ရောင်းမှာပေါ့။ လက်ရှိ အနေအထားအရ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်က ဘာမှမရှိဘူး။ Megawatt ၁၀၀၊ ၂၀၀ ဆိုရင် တနင်္သာရီတိုင်းက လုံလောက်တာ ပေါ့နော်။ ဒါပေမယ့် နောင် ၅ နှစ် ၁၀ နှစ်ကို ကြိုစဉ်းစားမယ်ဆိုရင်တော့ မဂ္ဂါဝပ် ၁၈၀၀ ကလည်း လောက်မှာ မဟုတ်ဘူး။ နောက် နေရှင်နယ်ဂရစ်ကလည်း ချိတ်ဆက် ပြီးသွားပြီဆိုရင်တော့ တနိုင်ငံလုံးရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်တွေက အများကြီး ထွက်လာမှာလေ။”

ဒီစီမံကိန်းကို FS/EIA/SIA အောင်မြင်မှသာ စတင်မှာဖြစ်တဲ့အတွက် ဆန်းစစ်ချက်ကာလမှာ ဒေသခံတွေအနေနဲ့ ကျောက်မီးသွေးသုံးစက်ရုံရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို လေ့လာပြီး မိမိတို့ရဲ့ အမြင်တွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ပွင့်ပွင့်လင်းလင်း  ဖော်ထုတ်ဆွေးနွေးကြဖို့ လိုအပ်ပါတယ်။

ဦးရဲမင်းအောင်ကတော့  ဒီစီမံကိန်းကို အကောင်အထည်ဖော်သည်ဖြစ်စေ၊ မဖော်သည်ဖြစ်စေ ထိုင်းနိုင်ငံကနေ လျှပ်စစ်ကို သွယ်တန်းရယူပြီး  ဈေးသက်သာစွာ ဖြန့်မယ့်ကိစ္စကိုတော့ ၁ နှစ်အတွင်း အောင်မြင်အောင်ဆောင်ရွက်ကြမယ်လို့ ပြောပါတယ်။

“အဓိက ကျနော်တို့ မူလရည်ရွယ်ချက်ကိုက ဘယ်လိုမဆိုပဲ ကျနော်တို့စက်ရုံက မြန်မာနိုင်ငံမှာ ရှိတော့ မြန်မာနိုင်ငံရဲ့လိုအပ်ချက်ကို ကျနော်တို့ ဦးစားပေးပြီးတော့ ရောင်းမှာပဲ။ နောက်တခါ ပိုလျှံတာကိုလည်း နိုင်ငံခြားကို တင်ပို့ရောင်းချမှာပဲ။ ထိုင်းကို ရောင်းဖို့” နောက်တခုက လောလောဆယ်ကာလကိုပဲ ကျနော်တို့က စဉ်းစားတာ ၂ နှစ် ၃ နှစ်အတွင်းမှာ  ဒီဒေသမှာ မီတာခ ၁ ယူနစ်ကို ကျပ် ၄၀၀ ကျော်ဖြစ်နေတာ ကျနော်တို့ ဘယ်လို ဖြေရှင်း ပေးရမလဲပေါ့နော်။  အဲဒီတော့ လတ်တလော ၁ နှစ်အတွင်းမှာ ထိုင်းဘက်ကနေပြီးတော့  လျှပ်စစ်ဓာတ်အားကို ဒီဘက်ကို ဆွဲယူပြီးတော့ သွယ်တန်းပြီးတော့ သက်သာတဲ့ဈေးနှုန်းတခုနဲ့ ဖြန့်ဖြူးပေးဖို့၊ ဒါကလည်း ဦးစားပေးလုပ်မယ့်ကိစ္စတခုထဲမှာ ပါတာပေါ့” လို့ ပြောပါတယ်။

ဒီစီမံကိန်းကို စနစ်တကျဆောင်ရွက်နိုင်ဖို့  ၁ နှစ်တာအတွင်း ဒေသခံ အများအပြားနဲ့ တွေ့ဆုံမေးမြန်းခဲ့ရာမှာ သဘာဝပတ်ဝန်းကျင် မထိခိုက်လိုတာ၊ လက်ရှိ မီတာ ၁ ယူနစ်ကို ဈေးကြီးလို့ မသုံးစွဲနိုင်တာ၊ စက်ရုံတွေနဲ့ အအေးခန်းတွေ အရှုံးပေါ်တာ။ ထိုင်းနိုင်ငံအတွက်ဆို မလုပ်ဘဲ ဒေသခံတွေအတွက် ဦးစားပေး စဉ်းစားဖို့ အချက် ၄ ချက်ကို အများဆုံး ပြောဆိုဆွေးနွေးကြတယ်လို့ ဆိုပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ