Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 14, 2014

ကားက ဆိုင်ကယ်ကို တိုက်မိရာ ဆိုင်ကယ်နောက်တွင် လိုက်ပါသည့် သမီးငယ် ဒရွတ်ဆွဲ၍ ပွဲချင်းပြီးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း လား ရှိုးမြို့၌ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ ၈ ရက်တွင် လားရှိုး မိုတယ်ခန်းမရှေ့၌ ဆိုင်ကယ်ကို ကား က နောက်မှ ဝင်တိုက်မိခဲ့ပြီး ဆိုင်ကယ် နောက်မှ ပြုတ်ကျခဲ့သူအား ကားဖြင့် ဒရွတ်တိုက်ဆွဲပါခဲ့ရာမှ သေဆုံးခဲ့မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၈ ရက် နေ့ မွန်းတည့် ၁၁း၀၀ နာရီခန့်၌ ရပ် ကွက် ၉ ဘူတာဘက်မှ ဦးကျော်ဦး မောင်းနှင်လာပြီး နောက်မှ သမီးဖြစ် သူ မအိမွန်မွန်ကျော် လိုက်ပါလာ သည့်ဆိုင်ကယ်အား နောက်မှ အဖြူရောင်လိုက်ထရပ်ကားက တိုက် မိခဲ့ပြီး ထွက်ပြေးခဲ့ရာမှ ယာဉ်မောင်း ဒဏ်ရာရရှိခဲ့ပြီး ကျကျန်ရစ်သည့် သမီးငယ်မှာ ကားဖြင့်ဒရွတ်တိုက်ဆွဲ ပါခဲ့ရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်။

အဖြူရောင် လိုက်ထရပ်ကားက တိုက်မိခဲ့ပြီး ထွက်ပြေးခဲ့ခြင်းကြောင့် ဆိုင်ကယ်မောင်း ဦးကျော်ဦးကိုယ် တိုင် ယာဉ်ထိန်းရုံးသို့ သွားရောက် တိုင်ကြားခဲ့ပြီး စောင့်ဆိုင်းဖမ်းဆီးကြ ရာ ပြည်နယ် လ .၀ .ကရုံးရှေ့အနီး ၌ ဖမ်းဆီးရမိခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ် ယာဉ်မောင်း ဦးကျော်ဦးမှာ ဘယ်နာ ဖူးပေါက်ပြဲ၊ ညာဒူးပြဲဒဏ်ရရှိပြီး၊ နောက်မှ လိုက်ပါစီးနင်းခဲ့ပြီး ကား နှင့်အတူ တရွတ်တိုက်ပါခဲ့သည့် မအိ မွန်မွန်ကျော်မှာ တိုက်မိနေရာမှ တစ်မိုင် ဝန်းကျင် ခန့်ရှိသည့် လားရှိုးမြို့ဝင် မုဒ်ဦးအထိ ကားအောက်တွင် ဒရွတ်တိုက်ပါသွား ခဲ့ကာ နေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်သည်။

ဆိုင်ကယ်အား နောက်မှဝင် ရောက်တိုက်မိပြီး ထွက်ပြေးသွားခြင်း ကြောင့် လူသေဆုံးစေခဲ့သည့် ယာဉ် မောင်း ကိုဇော်ထွန်း ၂၄ နှစ်(ဘ)ဦးစိုး၊ရပ်ကွက် ၁ နယ်မြေ ၉ ၌နေ သူအား မြို့မရဲစခန်း၌ (ပ)၄၄/၂၀၁၄ ၊ ပြစ်မှုပုဒ်မ ၃၀၄(က)/၃၃၇/၂၀၂ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ