Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 9, 2014

ရန်ကုန်မြေဈေးနှုန်း ထပ်မံတိုးမြှင့်သတ်မှတ်

ရန်ကုန်တိုင်း ဒေသကြီး အတွင်းက မြေတစ်ပေ ပတ်လည် ဈေးနှုန်းကို ပြည်တွင်း အခွန်များ ဦးစီး ဌာနက အောက်တို ဘာလ ၇ ရက်နေ့မှာ ထပ်မံ တိုးမြှင့် လိုက်ရာမှာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ဈေးနှုန်း ထက် ၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်း အထိ မြှင့်တင်လိုက်တယ်လို့ အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်း တွေက ပြောပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာနက အခုသတ်မှတ်လိုက်တဲ့ ဈေးနှုန်းတွေထဲမှာ လမ်းမတော်၊ ပန်းဘဲတန်း၊ လသာ၊ ဗိုလ်တထောင်၊ ဒဂုံနဲ့ ဗဟန်းမြို့နယ် ၆ ခုရဲ့ ဈေးနှုန်းက အများဆုံးဖြစ်ပြီး တစ်ပေပတ်လည်ကို ၄ သိန်း သတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ မြေဈေးသတ်မှတ်ချက် ထုတ်ပြန်ခဲ့စဉ်ကတော့ အဲဒီမြို့နယ် ၆ ခုရဲ့ တစ်ပေပတ်လည်မြေဈေးနှုန်းဟာ ကျပ်သုံးသိန်းကျော်သာရှိခဲ့ပါတယ်။

အခုလိုသတ်မှတ်လိုက်တဲ့အတွက် ဈေးကွက်မှာ အရောင်းအ၀ယ် နည်းသွားပါးသွားနိုင်ပေမဲ့ ဈေးနှုန်းတွေကတော့ ကျဆင်းလာနိုင်မှာမဟုတ်ဘူးလို့ ရန်ကုန်အခြေစိုက် "မဏ္ဍိုင် အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီ" ရဲ့ စီမံခန့်ခွဲမှုဒါရိုက်တာ ဦးသန်းဦးက ပြောပါတယ်။

"နိုင်ငံတော်အစိုးရရဲ့ ထုတ်ပြန်တဲ့ ညွှန်ကြားချက်အတိုင်းက အိမ်ခြံမြေဈေးကွက်ကို သက်ရောက်မှုရှိပါတယ်၊ ဈေးနှုန်းအတက်အကျပေါ်မူတည်ပြီး ပြန်လည်သတ်မှတ်တာ ဖြစ်တဲ့အတွက်ကြောင့် ဒီနှစ်မှာ အပြင်ဈေးတွေကမြင့်တော့ သူတို့က နှုန်းထာကိုမြင့်ပြီး သတ်မှတ်တဲ့သဘောရှိတယ်၊ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်အေးပေမဲ့ ဈေးကတော့ ထပ်ကျစရာသိပ်မမြင်ဘူး"

တခြားမြို့နယ်တွေမှာလည်း နေရာပေါ်မူတည်ပြီး မြေတစ်ပေပတ်လည်ဈေးနှုန်းကို အနည်းဆုံး ကျပ်သောင်းဂဏန်းကစပြီး သတ်မှတ်ပေးထားတာမျိုးရှိပေမဲ့ အဲဒီနေရာတွေမှာလည်း ဈေးနှုန်းတွေ ၂၀ ရာခိုင်နှုန်းဝန်းကျင် မြင့်တင်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ