စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် မူးဝရွာထောင်ကျေးရွာ အဝင်လမ်း
သင်္ချိုင်းကုန်း အနီး၌ ယမန်နေ့ နံနက် ၇ နာရီက အမျိုးသမီးတစ်ဦး မျက်နှာတွင်
ဒဏ်ရာများဖြင့် လဲကျ သေဆုံး နေကြောင်း သတင်းအရ မြင်းမူမြို့နယ်
ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များသည်
တာဝန်ရှိသူများနှင့် အတူ သွားရောက် စစ်ဆေးမှုများ ပြုလုပ်ရာ သေဆုံးသူမှာ
မကြည်မာအောင် ၁၈ နှစ်(ဘ)ဦးမင်းအောင် မူးဝရွာထောင် ကျေးရွာ
မြင်းမူမြို့နယ်နေသူ ဖြစ်ပြီး မျက်နှာတွင်ဖူးရောင်၊ လည်ပင်းတွင် ညိုမည်း
ဒဏ်ရာများဖြင့် သေဆုံး နေသည်ကို စစ်ဆေး တွေ့ရှိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ကွင်းဆက်တရားခံကို လိုက်လံစုံစမ်းရာ လွန်ခဲ့သည့်
ခြောက်လခန့်က မကြည်မာအောင်နှင့် ချစ်ကြိုက်ခဲ့ဖူးသူ တစ်ရွာတည်းနေ
ထွန်းဇော်အောင် ၂ဝ နှစ် (ဘ)ဦးဘိုတိုးနှင့်မကြည်မာအောင်တို့ လက်ထပ်
ပေါင်းသင်းရေးကိစ္စနှင့် ပတ်သက်၍ အပြန်အလှန် ပြောဆို စကားများကြရာ
ထွန်းဇော်အောင်က မကြည်မာအောင်ကို လည်ပင်း ညှစ်ကာ အနီးရှိ သစ်သားတုတ်ဖြင့်
ရိုက်သတ်၍ သေဆုံး သွားရခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။
ထို့ကြောင့် ထွန်းဇော်အောင်ကို မြင်းမူမြို့ မြို့မရဲစခန်းက (ပ)အမှတ်
၂၂၄/၂ဝ၁၄၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂ အရ အမှုဖွင့် အရေးယူ ထားကြောင်း
သိရသည်။
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment