Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 18, 2014

လျှပ်စစ်ဝန်ထမ်းတဦး ဓာတ်လိုက်သေဆုံး

သာကေတ လျှပ်စစ် စက်ရုံ ဝန်ထမ်းတဦး ဓာတ်လိုက်သေဆုံးမှုတခု အောက်တိုဘာ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီလောက်က ဖြစ်ပွားခဲ့ပါတယ်။

လျှပ်စစ်ဝန်ထမ်း ဦးမြင့်အောင် အသက် (၄၀) ဟာ သာကေတမြို့ မြခွာညို အိမ်ရာရှေ့မှာ ရှိတဲ့ လျှပ်စစ်ဓာတ်ကြိုးနဲ့ မလွတ်တဲ့ သစ်ကိုင်းတွေ ခုတ်ထွင်ရှင်းလင်းရာကနေ အခုလို ဓာတ်လိုက် သေဆုံး ခဲ့တာလို့ မျက်မြင်တွေ့ရှိသူတဦးက ဒီဗွီဘီကိုပြောပါတယ်။

သေဆုံးသူ ဦးမြင့်အောင်မှာ သားသမီး ၂ ဦး ရှိပြီး လျှပ်စစ်ဝန်ထမ်း အဖြစ်နဲ့ လုပ်ကိုင်နေတာ ၁၅ နှစ်ရှိပြီလို့ သူ့ရဲ့လုပ်ဖော်ကိုင် ဖက် တဦးက ပြော ပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့ ည ၇ နာရီကျော်လောက် က လည်း မြောက် ဥက္ကလာပမြို့နယ် သံသုမာ ၅ လမ်းမှာ ဓာတ်ကြိုးပြုတ်ကျပြီး မိသားစု ၃ ယောက် ဓာတ်လိုက်လို့ ဆေးရုံတင်ပို့ခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ အခုနှစ် ဇန်န၀ါရီလကနေ စက်တင်ဘာလအထိ ဓာတ်လိုက်သေဆုံးမှု အမှုပေါင်း ၁၂၀ လောက် ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

လျှပ်စစ်အန္တရာယ်ကြောင့် ပြည်သူတွေ သေဆုံး ထိခိုက်နစ်နာ နေရတာနဲ့ ပတ်သက်ပြီး နောက်ပိုင်း လုံလောက် ထိုက်တန်တဲ့ လျော်ကြေးတွေ ရလာအောင် အစိုးရအဖွဲ့ကို တင်ပြဆောင်ရွက်ပေးသွားမယ်လို့ လျှပ်စစ်ဒုဝန်ကြီး ဦးအောင်သန်းဦးက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က အမျိုးသားလွှတ်တော်မှာ ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ ဖြစ်စဉ်တွေမှာ လျှပ်စစ်ဌာနဟာ ဓာတ်ကြိုးပြတ်ကျ ဓာတ်လိုက်ပြီး သေဆုံးသူ ပြည်သူတွေအတွက် တချို့ ကျပ်ငွေ ၂ သိန်း၊ နောက်ဆုံး ဖြစ်ပွားခဲ့တဲ့ သင်္ကန်းကျွန်း ၁၆ ရပ်ကွက်ဖြစ်စဉ်မှာ ကျပ် ၁၀ သိန်း၊ လှည်းတန်းဖြစ်စဉ်မှာ ကျပ် ၂၇ သိန်းစီ ပေးအပ်ခဲ့ပါတယ်။



အခင်းဖြစ်ပွားစဉ်က


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ