
နွေရာသီအ ပြောင်းအရွှေ့ ကာလတွင် မိုယက်စ် နောက်ပိုင်း မန်ယူနည်းပြ တာဝန်ကို ရယူခဲ့သည့် ဗန်ဟားလ်၏ အသင်းအပေါ် ပြုပြင် တည်ဆောက် မှုများကို ဖာဂူဆန်ကစိတ်ဝင်တစားစောင့်ကြည့်သူအဖြစ် ရှိနေခဲ့သည်။ နယ်သာလန်ဝါရင့်နည်းပြကြီးသည်၂၀၁၃-၁၄ဘောလုံးရာသီမှထိခိုက်မှုများကိုပြုပြင်ရန်ငွေကြေး အမြောက်အမြားသုံးစွဲခဲ့ပြီး လက်ရှိအချိန်တွင် မန်ယူအသင်းမှာ ဖာဂူဆန်ရှိစဉ် လွန်ခဲ့သည့် ၁၆ လကနှင့် မတူညီသော အသင်းတစ်သင်းပုံစံဖြစ်သွားခဲ့သည်။
သို့သော် ဖာဂူဆန်က "လူးဝစ်ဗန်ဟားက ပြောင်းလဲမှုတွေအတော်လေးလုပ် ထားပြီး မှန်ကန်တဲ့အရာတွေကိုလုပ်နေတယ်လို့ စဉ်းစားမိစေပါတယ်။ သူ့ကိုယ်ပိုင် ဟန်နဲ့အသင်းတစ်သင်းကို တည်ဆောက်နေတာပါ။ သူ့မှာ ဒီလိုလုပ်ဖို့အတွေ့အကြုံနဲ့ အရည်အချင်း လည်းရှိနေပါတယ်။ သူသွားနေ တဲ့ပုံစံအရ အောင်မြင်မယ် လို့ကျွန်တော်ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းမှာ ပရီးမီးယားလိဂ်တွင် တာထွက်နှေးနေပြီး ဗန်ဟားလ်သည် ဒီမာရီယာ၊ ဖယ်လ်ကာအို၊ ဒါလေဘလိုင်း၊ ဟာရဲရား၊ ရိုဟို၊ လုခ်ရှောစသည့်ကစား သမားများအသင်းနှင့် ပေါင်းစပ်မိစေရန် ကြိုးစားနေရဆဲဖြစ်သည်။ လက်ရှိအနေ အထားအရ မန်ယူအသင်း အနေဖြင့်လာမည့် အပြောင်းအရွှေ့ ကာလများအ တွင်း ကစားသမားများထပ်မံဖြည့်တင်းဖွယ်ရှိနေသည်။ ဥပမာအနေဖြင့် ဗန်ဟားလ်သည်ဗဟို နောက်ခံလူ၊ကွင်း လယ်လူနှင့်ညာ နောက်ခံလူတစ်ဦး ထပ်မံခေါ် ယူ ချင်နေသည်။ ဖာဂူဆန်သည် မန်ယူပွဲများကိုလာရောက်ကြည့်ရှုနေသော်လည်း ဗန်ဟားလ်နှင့်ပတ်သက်ပြီး တစ်စုံတရာမှတ်ချက်ပေးပြောကြားခြင်းမရှိရာမှ ပထမဆုံးအကြိမ်အဖြစ် ၎င်း၏ထင်မြင်ချက်ကို ထုတ်ပြော လာခြင်းဖြစ်သည်။



































No comments:
Post a Comment