Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 9, 2014

လိပ်ကျွန်းလူသတ်မှုအရေး ဗြိတိန်သံအမတ်ကြီးနှင့် လူ့အခွင့်အရေးအဖွဲ့ ဆွေးနွေး

ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် တဖက်တလမ်းကနေ လိုက်လံ စုံစမ်းနေတဲ့ ထိုင်းအခြေစိုက်လူ့အခွင့်အရေးအဖွဲ့ဟာ  ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း)မှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ အမှုမှာ တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံထားရတဲ့  မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦးကို တရား မျှတမှု ရရှိရေး၊ အမှုမှန် ပေါ်ပေါက်ရေးတွေအတွက်  မြန်မာသံရုံးအပါအ၀င် အခြား လူ့အခွင့်အရေးအဖွဲ့တွေကလည်း တဘက်တလမ်းက ၀ိုင်းဝန်းဆောင်ရွက်နေပါတယ်။

အဲဒီအဖွဲ့တွေထဲက ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့ (MWRN)၊  လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းအဖွဲ့ (HRDF) နဲ့ Cross Cultural Foundation (CrCF) အဖွဲ့က ကိုယ်စားလှယ်တွေကို ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက အောက်တိုဘာ ၈ ရက် ညနေပိုင်းမှာ ခေါ်ယူ တွေ့ဆုံခဲ့ပါတယ်။

သံအမတ်ကြီးက သူတို့အဖွဲ့ရဲ့ ကွင်းဆင်းတွေ့ရှိချက်တွေကို သိလိုတဲ့အတွက် ခေါ်ယူ မေးမြန်းခဲ့တာလို့ HRDF ရဲ့ ဒါရိုက်တာ မစ္စတာ အန်ဒီဟောလ်က ပြောပါတယ်။

သူတို့ဘက်က  အောက်တိုဘာ ၅ ရက်ကနေ ၇ ရက်နေ့အတွင်း လိပ်ကျွန်းမှာ သွားရောက် လေ့လာ ခဲ့တဲ့ တွေ့ရှိချက်တွေ တင်ပြခဲ့သလို တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ အလုပ်သမား ၂ ဦးအတွက် ရှေ့နေ အကူအညီ လွတ်လပ်စွာ ရရှိရေး၊ မျှတတဲ့ တရားစီရင်မှု ဖြစ်ပေါ်ရေး၊ ထိုင်းရဲတွေရဲ့ မတရားစွပ်စွဲမှု မဖြစ်စေရေး စတာတွေကို  ဆွေးနွေး တင်ပြခဲ့တယ်လို့ မစ္စတာ အန်ဒီဟောလ်က ပြောပါတယ်။

ဗြိတိန်သံအမတ်ကြီးကလည်း နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ တရားစီရင်မှုလိုလားတယ်လို့ ပြောကြားခဲ့ကြောင်း အန်ဒီဟောလ်က ပြောပါတယ်။

“ခိုတောင်ကျွန်းမှာ အသတ်ခံရတဲ့ နိုင်ငံခြားကမ္ဘာလှည့်ခရီးသည် ၂ ဦးဟာ သူတို့ နိုင်ငံသား ဖြစ်နေတဲ့အတွက် ဒီအမှုပေါ်မှာ အရေးထားပြီး အစဉ်တစိုက် စောင့်ကြည့်နေကြောင်း၊ ဒီအမှုမှာ ပွင့်လင်းမြင်သာမှုနဲ့  လူ့အခွင့်အရေးကို ကာကွယ်ပေးတဲ့  တရားစီရင်မှုကို လိုလားတယ်လို့ ဗြိတိန်နိုင်ငံ သံအမတ်ကြီးက ပြောပါတယ်။”

ဒီပူးပေါင်းအဖွဲ့ဟာ အမှု စဖြစ်ကတည်းက ဒေသထဲကို ကွင်းဆင်းလေ့လာနေကြောင်း၊ တွေ့ရှိချက်အားလုံးကိုတော့ ဖွင့်ချဖို့ အချိန်မတိုင်သေးဘူးလို့ ဆိုပါတယ်။

တရားခံအဖြစ် စွပ်စွဲခံထားရသူတွေ၊ နယ်မြေထဲက အလုပ်သမားတွေနဲ့ သွားရောက် တွေ့ဆုံမေးမြန်းခဲ့တဲ့သူတွေအနေနဲ့လည်း အချက်အလက်ပေးသူတွေရဲ့ လုံခြုံရေးနဲ့ ထိုင်းရဲတွေရဲ့ အမှုအလှည့်အပြောင်းတွေ မခံရစေဖို့  မီဒီယာတွေမှာ ထိန်းထိန်းသိမ်းသိမ်း ဖော်ပြသင့်တယ်လို့ အန်ဒီဟောလ်က ပြောပါတယ်။

ဒီ စုံစမ်းရေးအဖွဲ့ထဲမှာ ပါဝင်တဲ့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်အဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်ကျော်ကလည်း ခုလို ဖြည့်စွက်ပြောကြားပါတယ်။

“မှုခင်းဖြစ်စဉ်မှာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက်ကြောင့် လူ့အခွင့်အရေးပိုင်းဆိုင်ရာ အရရော၊ တရားစွဲဆိုခံရမယ့် မြန်မာကလေးလေး ၂ ဦးက ကိုယ့်ဘက်ကလည်း လုံလောက်တဲ့ အထောက်အထားတွေ၊ ရှေ့နေတွေနဲ့ ခုခံကာကွယ်ပိုင်ခွင့်ရှိဖို့ ၊ နောက်တခါ ထိုင်းရဲများရဲ့ တရားစွဲဆိုမှုဟာ တဖက်သတ်ဆန်ပြီး အချက်အလက်တွေက ပြီးပြည့်စုံမှု မရှိတာကြောင့် ဒါကို အထူးစဉ်းစားပေးဖို့ ဗြိတိန်သံအမတ်ကြီးကို ကျနော်တို့ တိုက်တွန်းခဲ့ပါတယ်။”

ဗြိတိန်လူငယ် ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အမှုတွဲ တည်ဆောက်တဲ့ အမှတ် ၈ တိုင်းဒေသရဲတပ်ဖွဲ့ဟာ အခုချိန်ခါမှာ ပြည်တွင်းနဲ့ ပြည်ပက သံသယဖြစ်မှုတွေ၊ မေးခွန်းတွေနဲ့  ရင်ဆိုင်နေရပါတယ်။

စာမျက်နှာပေါင်း ၈၅၀ ရှိတဲ့ အမှုတွဲကို အောက်တိုဘာ ၆ ရက်နေ့က အချောသတ်ပြီး  တရားရုံးမှာ စွဲချက်တင်ဖို့  ကော့ဆမွီခရိုင် အစိုးရရှေ့နေများဌာနကို အပ်နှံခဲ့ပေမယ့်လည်း  ခရိုင်ရှေ့နေဘက်က သက်သေအထောက်အထားတွေ မပြည့်စုံသေးဘူးဆိုပြီး အမှုတွဲ ခိုင်လုံအောင် ပြန်တည်ဆောက်ဖို့ အောက်တိုဘာ ၈ ရက်နေ့က  ပြန်ပို့ခဲ့တယ်လို့ ထိုင်းသတင်းဌာန ဖြစ်တဲ့ မန်နေဂျာအွန်လိုင်းမှာ  ဖော်ပြသွားပါတယ်။



စွပ်စွဲခံ မြန်မာလူငယ် ၂ ဦး
မစ္စတာ အန်ဒီဟောလ်နှင့်တွေ့ဆုံအပြီး အမှတ်တရ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ