Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 8, 2014

အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ဇီးကုန်းကျေးရွာအုပ်စု ဇီးကုန်းကျေးရွာတွင် အသက် ၉ နှစ် အရွယ် တတိယတန်း ကျောင်းသူ ကလေးငယ် တစ်ဦးအား အသက် ၆၁ နှစ်အရွယ် လူကြီး တစ်ဦးက သားမယား ပြုကျင့်ခဲ့သည်ဟု သတင်း ရရှိသည်။

သံတွဲမြို့နယ် မြို့မ ရဲစခန်းမြောက်ဘက် ၄ မိုင်ခန့်အကွာတွင် တည်ရှိသော ဇီးကုန်းကျေးရွာနေ ဒေါ် (+++) ၏ သမီးဖြစ်သူ အသက် ၉ နှစ်အရွယ် တတိယတန်းကျောင်းသူ (+++) ကို တရွာတည်းနေ ဘုန်းကြီးကျောင်းသား ဖြူကြီးခေါ် (ငဖြူကြီး) အသက် ၆၁ နှစ် (ဘ) ဦးဘစိန်မှ သားမယားအဖြစ် ပြုကျင့်ခဲ့သည်ဟု မိန်းကလေးငယ်၏ ဆွေမျိုးတစ်ဦးက ပြောသည်။

ယခုလ ၄ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် အပြုကျင့်ခံရသူသည် နေအိမ်လမ်းပေါ်ရှိ  ရေတွင်းတွင် ရေခပ်နေစဉ် ဘုန်းကြီးကျောင်းသား ဖြူကြီးခေါ် (ငဖြူကြီး) ရောက်ရှိလာပြီး မီးခြစ်ယူပေးရန်ပြောသဖြင့် နေအိမ်မှ မီးခြစ်အား ယူပေးခဲ့သည်။ နေအိမ်တွင်ပြန်ထားခဲ့စဉ် ဖြူကြီးမှ ပိုက်ဆံ ၁၀၀၀ ပေးမည်။  ငါနဲ့လိုက်ခဲ့ပါဟု သွေးဆောင် ခေါ်ဆောင်သွားပြီး ရွာထိပ်ရှိ လူမနေသည့် အိမ်ဟောင်းတစ်လုံး နောက်ဘက် ခြုံတောတွင် တွန်းလှဲကာ သားမယားအဖြစ် ပြုကျင့်ခဲ့ဟု ဆိုသည်။

ထိုသို့ ပြုကျင့်ခံရပြီးနောက် အောက်တိုဘာလ ၅ ရက် နံနက် ၉ နာရီအချိန်တွင် သားမယား ပြုကျင့်ခံရသူ၏ အဖွား ဒေါ်မကြည်ရွှေမှ သံတွဲရဲစခန်းတွင် သွားရောက်အမှုဖွင့်ခဲ့သည်။

သံတွဲမြို့မရဲစခန်းမှ (ပ) ၁၀၆/၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ ဒုရဲမှူးကျော်ညွန့် (စခမ) မှ လက်ခံ စစ်ဆေးနေသည်ဟု ရဲစခန်းမှ အတည်ပြု ပြောကြားသည်။

အဆိုပါပြစ်မှုအတွက် တရားခံဖြူကြီးခေါ် (ငဖြူကြီး) အား ဖမ်းဆီး၍ ဥပဒေအရ အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ