Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 1, 2014

အီဘိုလာ မိဘမဲ့ ကလေး ထောင်ချီ ပစ်ပယ်ခံနေရ

အာဖရိက အနောက်ဘက်ခြမ်း နိုင်ငံတွေ ဖြစ်တဲ့ လိုင်ဘေးရီးယား၊ ဂီနီနဲ့ ဆီရီယာ လီယွန်း နိုင်ငံတွေမှာ ကလေး အရေအတွက် အနည်းဆုံး သုံးထောင့် ခုနစ်ရာဟာ အီဘိုလာ ရောဂါကြောင့် သူတို့ရဲ့ မိဘ တစ်ဦး ဒါမှမဟုတ် နှစ်ဦး စလုံးကို ဆုံးရှုံး ခဲ့ရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်း ပြောဆို လိုက်ပါတယ်။

အီဘိုလာ ကူးစက်ခံရမှာ စိုးရွံ့မှုတွေ ရှိနေတာကြောင့် ကျန်ရစ်တဲ့ မိဘမဲ့ ကလေးတွေကို ပြုစု စောင့်ရှောက်မယ့်သူ ရှာဖို့အတွက်လည်း အလွန့် အလွန် ခက်ခဲတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေ အဖွဲ့ ယူနီဆက်ဖ်က ပြောပါတယ်။

ဆေးရုံတွေမှာ မိဘတွေ သေဆုံးပြီး တစ်ကိုယ်တည်း ကျန်ရစ်ခဲ့ကြတဲ့ ကလေး သူငယ်တွေကို တွေ့နေရတယ်လို့ ယူနီဆက်ဖ်ရဲ့ အဆိုအရ သိရပြီး အခုလို အီဘိုလာ ရောဂါရှင် မိဘတွေရဲ့ ကလေးတွေကို စောင့်ရှောက်နိုင်မယ့် အစီအစဉ် တစ်ခုကို ဖော်ထုတ်ဖို့ ယူနီဆက်ဖ်က တောင်းဆိုလိုက်ပါတယ်။

တချိန်တည်းမှာပဲ အီဘိုလာ ကူးစက်မှု အန္တရာယ်နဲ့ ကြုံနေရတဲ့ လိုင်ဘေးရီးယား နိုင်ငံကို အမေရိကန် စစ်တပ်က ရွေ့လျား ဓာတ်ခွဲခန်း ၂ ခု ပို့ဆောင် ပေးခဲ့ပါတယ်။

ပုံမှန် အားဖြင့် အီဘိုလာ ဗိုင်းရပ်စ် ရှိမရှိ သိရဖို့ ဓာတ်ခွဲ စမ်းသပ်ရာမှာ ရက်များစွာ ကြာမြင့်နိုင်ပေမယ့် အဲဒီ့ ရွေ့လျား ဓာတ်ခွဲခန်းတွေကတော့ နာရီ အနည်းငယ် အတွင်းမှာ အဖြေ ထုတ်ပေးနိုင်တယ်လို့ သိရပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ