Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 1, 2014

အရုပ်များနှင့်ကစားပြရုံဖြင့် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၁ သန်းကျော်ရသည့် ကလေးငယ်

ကမ္ဘာ့အကောင်းဆုံး အလုပ်အကိုင် ရရှိထားသည့် အသက် ၈ နှစ်အရွယ် ချစ်စရာ ကောင်းသော ချာတိတ်လေး အီဗန်ကို တွေ့ဖူးကြပါရဲ့လား။

အီဗန်သည် အခြား ကလေးငယ်များကဲ့သို့ အရုပ်များနှင့် ဆော့ကစားပြသည့် အတွက် ဒေါ်လာ သိန်းချီရနေသူ ဖြစ်သည်။

မိသားစုဝင်တိုင်း ကြည့်ရှုသင့်သည့် EvanTubeHD တွင် အီဗန်က ဖျော်ဖြေတင် ဆက်နေခြင်းဖြစ်သည်။ EvanTubeHD သည် အရုပ်များနှင့် ဗီဒီယိုဂိမ်းများကို သုံးသပ်ပေးသော YouTube ချန်နယ်တစ်ခုဖြစ်သည်။

အီဗန်၏ ဗီဒီယိုများက အမြဲလိုလိုကြည့်ရှုသူ တစ်သန်းကျော်ရှိတတ်ပြီး ယင်းဗီဒီယိုများကြောင့်ပင် အီဗန်လေးအနေဖြင့် တစ်နှစ်လျှင် ဒေါ်လာ ၁ ဒသမ ၃ သန်းကျော် ရရှိနေခြင်းဖြစ်သည်။

ယင်းမှာ "ငါဘာလို့ ဒီလို မတွေးမိခဲ့တာပါလိမ့်" ဟုဆိုကာ သင့်ကိုအတွေးပွားစေမည့် အင်တာနက်ပေါ်တွင်အာင်မြင်မှုရနေသော ဇာတ်လမ်းများထဲမှ တစ်ပုဒ်ပင်ဖြစ်သည်။ ပျော်ရွှင်ဖွယ်ရာ ကစားနည်းများဖြင့် ပြည့်နှက်နေသည့် အဆိုပါ အစီအစဉ်ကို အီဗန်နှင့် သူ၏ဖခင် ဂျရတ်တို့ စတင်ဖန်တီးခဲ့ကြခြင်းဖြစ်သည်။ ရွှံ့ဖြင့် ဖန်တီးထားသည့် Angry Birds အရုပ်လေးများကို အသုံးပြုကာ stop-motion ခေါ် သက်မဲ့အရုပ်များကို အသက်သွင်းသည့် ဗီဒီယိုများကိုလည်း သားအဖနှစ်ဦး ဖန်တီးခဲ့ကြသည်။

"ကျွန်တော်တို့ စလုပ်တုန်းက၊ ပျော်စရာ အစီအစဉ်လေး တစ်ခုအနေနဲ့ တစ်လမှာ ဗီဒီယိုတစ်ခုပဲ ဖန်တီးဖြစ်ပါတယ်။ ဖန်တီးထားတာလေးတွေကို ဘယ်သူတွေများ လာကြည့်ကြလဲဟ ဆိုပြီး ကြည့်ရတာကလည်း စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်" ဟု ဖခင်ဖြစ်သူ ဂျရတ်က ပြန်ပြောင်းပြောဆိုခဲ့သည်။

ဗီဒီယိုများက နှစ်လိုဖွယ် ဖြစ်နေသည့်အတွက် အမှန်တကယ်ပင် လူကြိုက် များလာခဲ့သည်။ ပထမဆုံး ဗီဒီယိုကိုတင်ခါစက ကြည့်ရှုသူ ၁ သန်းရှိခဲ့ရာ ပိုမိုကြီးကျယ်လာနိုင်သည်ကို ဂျရတ် သိရှိခဲ့သည်။

ဖခင်ဖြစ်သူဂျရတ်က အဆိုပါချန်နယ်မှ ရရှိလာသည့် ငွေကြေးများကို ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားပြီး ယင်းမှ ရရှိလာသည့် အကျိုးအမြတ်များကို သားဖြစ်သူအီဗန်နှင့် သမီးငယ်လေးဂျီလီယန်တို့အတွက် ဘဏ်တွင် ငွေစုပေးထားသည်ဟု ဆိုသည်။

အီဗန်၏ ဗီဒီယိုများတွင် သူ၏ ခြောက်နှစ်အရွယ်ညီမငယ်လေး ဂျီလီယန်က ဧည့်သည်အဖြစ် ပါဝင်သရုပ်ဆောင်တတ်သည်။

တစ်ခါကလည်း ပန်းခြံထဲ၌ မောင်နှမနှစ်ဦးက မိခင်ဖြစ်သူကို သစ်ပင်တွင် တုပ်နှောင်ဟန်ပြုကာ Angry Bird ငှက်ရုပ်များဖြင့် ဂိမ်းထဲကအတိုင်း ဆော့ကစားပုံကို ရိုက်ကူးခဲ့သည်။ ဗီဒီအဆုံးသတ်တွင် "သင့်အနေနဲ့ သင့်ရဲ့မိခင်ကို သစ်ပင်မှာ ကြိုးချည်ပြီး အရုပ်နဲ့ပစ်တာမျိုး မလုပ်ပါနဲ့။ အကျိုးရလဒ်က ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်ပါတယ်"ဟု သတိပေးစာသား ပါရှိသည်။ သို့သော်လည်း အဆိုပါဗီဒီယိုသည် ချန်နယ်တွင် ကြည့်ရှုသူပေါင်း သန်း ၅၀ ကျော်အထိ မယုံကြည်နိုင်ဖွယ်မြင့်တက်သွားခဲ့သည်။

ယင်းသို့ အောင်မြင်မှုများက ရှစ်နှစ်သား အီဗန်လေးအား တစ်စုံတစ်ရာ သက်ရောက်မှုမရှိဘဲ အီဗန်အနေဖြင့် ပုံမှန် ရွယ်တူကလေးငယ်များကဲ့သို့ပင် နေထိုင်လေ့ရှိသည်ဟု ဆိုသည်။

"အီဗန်ဟာ ရွယ်တူ နှစ်တန်းကျောင်းသားတွေလိုပဲ နေ့စဉ်ဘ၀ကို ပုံမှန်ဖြတ်သန်းတယ်။ ကျောင်းသွားတယ်၊ အိမ်စာလုပ်တယ်၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တယ်၊ ကရာတေးသင်တန်းသွားတယ်၊ နောက်ပြီး ကွန်ပျူတာသုံးချိန် ဆိုလည်း မပျက်မကွက်ပါပဲ။ ချန်နယ်ရဲ့ အောင်မြင်တဲ့ ပမာဏကို သူ နားလည် လိမ့်မယ်လို့တော့ ကျွန်တော်မထင်မိပါဘူး"ဟု ဖခင် ဂျရတ်က ဆိုသည်။

ဂျရတ်သည် ဓာတ်ပုံနှင့် ဗီဒီယို ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကို ထူထောင်ထားသူ ဖြစ်ပြီး ၎င်းတို့ ဇနီးမောင်နှံနှစ်ဦးလုံးက အီဗန်လေးအား တတ်နိုင်သမျှ သာမန်ဘ၀တွင်သာ နေထိုင်စေရန် ဆန္ဒရှိနေကြသည်။ ယင်းကြောင့်ပင် ၎င်းတို့၏ နောက်ဆုံးနာမည်ကို ဖော်ပြခြင်း သို့မဟုတ် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်အသေးစိတ်အား ဖော်ပြခြင်းမျိုးကို ရှောင်ရှားကြသည်။

၎င်းတို့မိသားစုတွင် EvanTubeRaw နှင့် EvanTubeGaming အမည်ရှိ ချန်နယ်နှစ်ခုလည်း ရှိသေးသည်ဟုသိရသည်။ EvanTubeRaw တွင် မူလဗီဒီယိုတွင်မပါရှိသော ရိုက်ကွင်းနောက်ခံ အခြေအနေများကို တွေ့မြင်ရမည် ဖြစ်ပြီး EvanTubeGaming တွင်မူ ဖခင်ဂျရတ်နှင့် သားဖြစ်သူ အီဗန်တို့၏ ဂိမ်းမှတ်ချက်ပေးစကားများနှင့် ဂိမ်းကစားခြင်းများကို တွေ့မြင်ရမည်ဖြစ်သည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ