Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 7, 2014

ကိုလံဘီယာ ဘာသာရေးဆုတောင်းပွဲ မိုးကြိုးပစ်ခံရ၊ ၁၁ ဦး သေဆုံး

ကိုလံဘီယာနိုင်ငံ မြောက်ပိုင်းက ဒေသခံ လူမျိုးစုတွေရဲ့ ကျေးရွာတရွာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့က မိုးကြိုးပစ်ခံရလို့ လူအနည်းဆုံး ၁၁ ဦး သေဆုံး သွားပါတယ်။

ဘာသာရေး ဆုတောင်းပွဲတခု လုပ်နေတဲ့အချိန်မှာ အခုလို မိုးကြိုးပစ်ခံရတာလို့ ကိုလံဘီယာ စစ်တပ်က ပြောဆိုပါတယ်။

မိုးကြိုးပစ်ခံရတဲ့ နေရာဟာ ဒေသခံ လူမျိုးစုတွေ အများအပြား နေထိုင်တဲ့ ဆီရီယာ နီဗာဒါ (Sierra Nevada) တောင်တန်း ဒေသဖြစ်ပြီး လူ ၁၀ ယောက်ကျော်လည်း အပြင်းအထန် ဒဏ်ရာ ရခဲ့ကြပါတယ်။

ကိုလံဘီယာသမ္မတ ဂျူအန့် မန်နျူရယ် ဆန်းတို့စ် (Juan Manuel Santos) က သေဆုံးသွားသူတွေအတွက် ၀မ်းနည်းကြောင်း ပြောဆိုပါတယ်။

ဒဏ်ရာရသူတွေကို အနီးဆုံး ဆန်တာ မာတာ (Santa Marta) မြို့ ဆေးရုံကို တင်ပို့ ကုသထားပါတယ်။

ဒေသခံလူမျိုးစုများအရေး အာဏာပိုင်တဦးက “ကိုလံဘီယာ တောင်တန်းဒေသတွေမှာ မိုးကြိုးပစ်မှုတွေ ရှိပေမယ့် အခုလို့ အင်အားပြင်းပြီး လူ ၁၀ ကျော် သေဆုံးသွားရတဲ့ အဖြစ်မျိုးတော့ သိပ်မတွေ့ဖူးဘူး။ ဆုတောင်းပွဲလုပ်နေတဲ့နေရာတည့်တည့်ကို မိုးကြိုးပစ်တာ” လို့ ပြောဆိုပါတယ်။

အစိုးရက အရေးပေါ်စီမံခန့်ခွဲရေးအဖွဲ့တဖွဲ့ကိုလည်း အဲဒီနေရာကို စေလွှတ်မယ်လို့လည်း သိရပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ