Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 8, 2014

အိန္ဒိယ-ပါကစ္စတန် နယ်စပ်တိုက်ပွဲ ပြင်းထန်

ပဋိပက္ခတွေဖြစ်နေတဲ့ ကက်ရှ်မီးယား ဒေသမှာ အိန္ဒိယနဲ့ ပါကစ္စတန်ကြား နယ်စပ်တိုက်ပွဲတွေ ပြင်းထန်လာ နေတာမှာ အရပ်သား သေဆုံးမှု တွေလည်း တိုးလာ နေပါတယ်။

အင်္ဂါနေ့ညက သေနတ်တွေ မော်တာကျည်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့တာမှာ လူ သုံးယောက်ထက် မနည်း သေဆုံးပြီး လူ ၁၈ ယောက် ဒဏ်ရာရခဲ့တဲ့ အကြောင်း အိန္ဒိယအစိုးရအရာရှိတွေက ပြောပါတယ်။ ပါကစ္စတန် သတင်းမီဒီယာတွေမှာတော့ အိန္ဒိယဘက်က တိုက်ခိုက်မှုကြောင့် လူ ၃ ယောက် သေဆုံးတဲ့အကြောင်း ရေးပါတယ်။

တနင်္လာနေ့တုန်းကတော့ အရပ်သား ၉ ယောက် သေဆုံးခဲ့ပြီး ဒါဟာ ဆယ်စုနှစ်တခုကျော်ကာလတွင်း ကက်ရှ်မီးယားဒေသ ပဋိပက္ခမှာ အရပ်သား သေဆုံးမှုဦးရေ အများဆုံးပဲ ဖြစ်ပါတယ်။

နှစ်ဘက်စလုံးက အရပ်သားထောင်နဲ့ချီဟာ တိုက်ခိုက်မှုတွေကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်း နေထိုင်နေကြရပါတယ်။ အိန္ဒိယလေတပ်အကြီးအကဲ Marshal Arup Raha ကတော့ နယ်စပ် ပဋိပက္ခ အဆုံးသတ်နိုင်မယ့် အဖြေတခု အမြန်ဆုံးရအောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လတုန်းက အိန္ဒိယနိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီးက ကက်ရှ်မီးယား ခွဲထွက်ရေးသမားတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် အိန္ဒိယက ပါကစ္စတန်နဲ့ ဆွေးနွေးမှုတွေ ရပ်ဆိုင်းလိုက်ချိန်ကစပြီး နှစ်ဘက် တင်းမာမှုတွေ အရှိန်မြင့်လာခဲ့တာ ဖြစ်ပါတယ်။ ပါကစ္စတန်အနေနဲ့ အိန္ဒိယ အစိုးရနဲ့ ဆွေးနွေးမလား၊ ဒါမှမဟုတ် ခွဲထွက်ရေးသမားတွေနဲ့ ဆွေးနွေးမလားဆိုတာကို ရွေးချယ် ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ အိန္ဒိယက ပြောထားပါတယ်။


ပါကစ္စတန်ဘက်က တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့အိမ်ကို ပြန်လည်ရှင်းလင်းနေတဲ့ ဒေသခံရွာသားတစ်ဦး။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ