ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 4, 2014

လူသတ်မှုနဲ့ အဖမ်းခံရသူတွေ မြန်မာသံအရာရှိ သွားတွေ့မည်

ထိုင်းနိုင်ငံအတွင်း ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်ဖြတ်သူ တရားခံတွေအဖြစ် ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ မြန်မာနိုင်ငံသားတွေ ထံ မြန်မာသံရုံး ကောင်စစ် အရာရှိ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ သွားရောက်မှာ ဖြစ်တဲ့ အကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီအဖွဲ့မှာတော့  မြန်မာသံရုံး ကောင်စစ်အရာရှိ - ဦးထွန်းအေး - မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ကူညီ ဆောင်ရွက်ပေးနေတဲ့ MAT ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းက ဦးကျော်သောင်း၊ မြန်မာ အလုပ်သမားများ ကူညီ စောင့်ရှောက်ရေးအသင်းရှေ့နေ ဦးအောင်မျိုးသန့်၊ ထိုင်းတောင်ပိုင်း အခြေစိုက် FED ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ဦးမင်းဦး၊ ဦးမိုးဝေတို့အပြင် စကားပြန်တွေပါ လိုက်ပါသွားကြမယ်လို့ ဆိုပါတယ်။

အဲ့ဒီအဖွဲ့ဟာ ထိုင်းတောင်ပိုင်း စူရတ်ဌာနီမှတစ်ဆင့် မြန်မာ အလုပ်သမားများ ချုပ်နှောင်ထားရာ ကော့စမွီကိုသွားမှာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ကာယကံရှင်တွေ ကို တိုက်ရိုက် တွေ့ဆုံပြီး အဖြစ်မှန်ကို စုံစမ်း မေးမြန်းကြမှာဖြစ်ပါတယ်။

ဒီကိစ္စမှာ တရားမျှတမှု အပြည့်အဝ ရှိစေရေး အတွက် မြန်မာအစိုးရ အနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက် နေပြီး မြန်မာနိုင်ငံသားများ ကို အကာကွယ်ပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာအစိုးရက ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖော်ပြ ထားပါတယ်။

ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံတောင်ပိုင်းက ကျွန်းတခုကို အလည်လာရင်း အသတ်ခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား ခရီးသွားစုံတွဲ အသက် ၂၃ နှစ်အရွယ် Hanna Witheridge နဲ့ အသက် ၂၄ နှစ်အရွယ် David Miller တို့ရဲ့ အလောင်းတွေကို သတ်ဖြတ်ခဲ့တဲ့ အကြောင်း မြန်မာနိုင်ငံသားနှစ်ဦးက ၀န်ခံခဲ့တယ်လို့ ထိုင်းရဲက ပြောဆိုအပြီး မကြာခင်မှာပဲ မြန်မာအစိုးရရဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။


လူသတ်တရားခံများအဖြစ် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာအလုပ်သမားနှစ်ဦး


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ