Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 31, 2014

သမ္မတ၊ ကာချုပ်၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် ပါတီခေါင်းဆောင်အချို့တွေ့ဆုံပွဲတွင် ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေးနှင့် ဒီမိုကရေစီရေးတို့ကို အဓိကထား ဆွေးနွေးမည်ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၉

ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေးနှင့် ဒီမိုကရေစီရေးတို့ကို အဓိကထား ဆွေးနွေးသွားမည် ဖြစ်ကြောင်း လာမည့် အောက်တိုဘာ ၃၁ ရက်နေ့၌ ပြုလုပ်မည့် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌ များနှင့် နိုင်ငံရေး ပါတီခေါင်းဆောင်များ တွေ့ဆုံပွဲတွင် ပါဝင်မည့် နိုင်ငံရေး ပါတီ ခေါင်းဆောင် အချို့က အောက် တိုဘာလ ၂၉ ရက် ညနေပိုင်းတွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါတွေ့ဆုံပွဲတွင် သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတနှစ်ဦး၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အော င်မြင့်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌ ဦးဌေးဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းတင်၊ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့(UNA) မှရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ် အဖွဲ့( FDA) ခေါင်းဆောင် အမျိုးသား ဒီမိုကရေ စီအင်အားစု(NDF) ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ တိုင်းရင်းသား ညီနောင်များ ဖက်ဒရေးရှင်း (NBF) အဖွဲ့ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းတို့ ပါဝင်မည်ဖြစ်ကာ အောက်တိုဘာ ၃၁ ရက်တွင် သမ္မတအိမ်တော်၌ တွေ့ဆုံကြ မည် ဖြစ် သည်။…

အဆိုပါတွေ့ဆုံပွဲတွင် ဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍ ““ကျွန်တော်တို့ကတော့ တစ်နိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေးကို အမြန်ဆုံးအကောင်အထည် ဖော်နိုင်အောင်တော့ ထည့် သွင်းပြောဆို မယ်လေ။ နောက်ပြီးတော့ နိုင်ငံရေး Political Dialogue ဖြစ်ဖို့၊ နောက်တစ်ခါ ဖက်ဒရယ် ပြည်ထောင်စု ပုံစံဖြစ်အောင်၊ အဲဒါ အဓိကရွေးချယ်ပြီးတော့ ပြောသွားမှာပဲ”” ဟု ဆွေးနွေးပွဲသို့ ဖိတ်ကြားခံရသူ ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက အောက်တိုဘာ ၂၉ ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင် ဆန်းစုကြည်ကိုလည်း ယင်းတွေ့ ဆုံပွဲသို့ တက်ရောက်ရန်အတွက် ဖိတ်ကြား ခံထားရပြီးဖြစ်ကာ မည်သည့်ကိစ္စများ ဆွေးနွေးမည်ဆိုသည် ကိုမူ ပါတီဝင်များအား မပြောဆို ထားသေး ကြောင်းနှင့် ပါတီအနေ ဖြင့်လည်း သီးခြားသတင်းထုတ် ပြန်ရန်မရှိသေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD) လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

သမ္မတ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ လွှတ်တော်နာယကတို့နှင့် လေးပွင့်ဆိုင်တွေ့ဆုံခွင့်ရရှိ ရန် အတွက် ဒေါ်အောင်ဆန်းစုကြည် ဘက်မှ တောင်းဆိုထားသော်လည်း ယခုတိုင် အကောင်အထည်ေ ဖာ် ခြင်းမရှိသေးပေ။

NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း ““ငြိမ်းချမ်းရေးတို့၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး တို့၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဒါတွေပါမှာပေါ့ဗျာ။ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ သဘောပါ ပဲ။ အဓိက ကတော့ ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေးပေါ့။ လောလောဆယ် ကျွန်တော်တို့ လုပ်ရမယ့် ပြဿနာတွေပေါ့။ ဒါတွေရှင်းရမယ့်ဟာတွေပေါ့။ နောက်ဟာတွေကတော့ ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးနဲ့ စီးပွားရေး ဘ၀ဖွံ့ဖြိုးတိုးတက်ရေး ဒါတွေတော့ ဆွေးနွေးကြရ လိမ့်မယ်လို့ ယူဆရပါတယ်””ဟု ဆိုသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ရန် နိုင်ငံရေးပါတီများအား ဖိတ်ကြားရာတွင် ပါတီအနေဖြင့် ဖိတ်ကြားခြင်း မဟုတ်ဘဲ ပါတီဥက္ကဋ္ဌများကို နာမည်တပ်၍ ဖိတ်ကြားခြင်းလည်း ဖြစ်သည်။

““ဦးခွန်ထွန်းဦးကို ဥက္ကဋ္ဌ အနေနဲ့ ဖိတ်တယ်။ သို့သော်လည်း UNA ရဲ့ ကိုယ်စားပြုဖိတ်တာပါ။ နာမည်နဲ့ဖိတ် တယ်။ By Name ပေါ့”” ဟု ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် က မြန်မာသံ တော် ဆင့်သို့ ပြောသည်။

သမ္မတဦးသိန်းစိန်ဘက်မှ တွေ့ဆုံခြင်းပြုလုပ်ရန် ပြင်ဆင်လာခြင်းမှာ နိုဝင်ဘာလအတွင်း လာရောက်မည့် အမေရိကန်သမ္မတ ဘားရက်အိုဘားမား ခရီးစဉ်အတွင်း မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး တည်ဆောက် နိုင်ပြီဖြစ် ကြောင်း ပြသလိုခြင်းကြောင့် ဖြစ် နိုင်ကြောင်းလည်း သုံးသပ်မှုများ ထွက်ပေါ်လျက်ရှိသည်။

““မဖိတ်တာထက်စာရင် ဖိတ်တာက ကောင်းတာပေါ့။ နိုင်ငံရေးပါတီတွေကို ဒီတစ်ခါေ တာ့ဖြင့် နိုင်ငံ့ေ ခါင်း ဆောင်တွေ အာဏာ ပိုင်အဖွဲ့အစည်းကနေပြီးေ တာ့ နှစ်ဦး နှစ်ဖက်တွေ့ ဆုံပြီးတော့ ကာ နိုင်ငံရဲ့အနာဂတ်ကို စကားပြောကြဖို့ ဆွေးနွေးကြဖို့ ဖိတ်တယ်ဆိုတာ ကောင်းတယ်လို့ပဲ ယူဆစရာရှိ ပါတယ်။ နိုင်ငံရေးဆိုတာ ကစားနေ တာပဲလေ။ ကစားနေတာဆိုတော့ ဘယ်ဟာမှ အတည်ပြောလို့မရဘူး။ တကယ်တမ်း ရလဒ် ထွက် လာတဲ့ အခါကျမှ သြော် ဒါဟာ ဒီလိုလုပ်ပါလား။ ဒီလိုပါလား သိမှသာလျှင် ဖြစ်စဉ် ရဲ့အကြောင်းကို သေချာ ဂဃနဏ ထောက်ပြလို့ ရမှာပေါ့ဗျာ။ ခုနေခါကတော့ ဒါဟာ Make Up လုပ်တယ် တို့ ပြောချင်လည်း ပြော နိုင်ပါ တယ်။ ပြောတဲ့လူအပြစ် မဟုတ်ပါဘူး။ နိုင်ငံကလည်း ဒီလောက်တောင် ပြဿ နာတွေပေါင်း စုံကြားထဲမှာ လှုပ်ခါနေတာကိုးဗျ”” ဟု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက သုံးသပ်ပြောကြားသည်။

ယခုကဲ့သို့ တွေ့ဆုံမှုပြုလုပ်မည့် ကိစ္စနှင့်ပတ်သက်၍ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးထံ ဆက်သွယ်ေ မး မြန်းရာ၌ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကိုသာ မေးမြန်းရန် ပြောဆိုခဲ့၍ ဦးရဲထွဋ်ထံ အကြိမ်ကြိမ် ဆက်သွယ် ခဲ့ သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

MH-0030

ပုံညွှန်းစာ - သမ္မတ ဦးသိန်းစိန်က နိုင်ငံရေးပါတီများမှ တာဝန်ရှိ သူများနှင့် နေပြည်တော်ရှိ တောင်သူပညာပေး ဧက ၅၀၀ စက်မှုလယ်ယာ စံပြစိုက်ခင်းအစည်းအဝေးခန်းမ၌ ၂၀၁၃ ခုနှစ် ဇွန်လ ၅ ရက်နေ့ က တွေ့ဆုံခဲ့စဉ်




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ