အဲဒီခြင်တွေထဲမှာ Wolbachia ဆိုတဲ့ ဘက်တီရီးယားပိုးကို ထည့်ထားပြီး အဲဒီ ဘက်တီးရီးယားပိုးဟာ သွေးလွန်တုတ်ကွေးကို တိုက်ဖျက်နိုင်တဲ့အတွက် အဲဒီလို ခြင်တွေကို လူနေအိမ်တွေမှာ အများအပြား လွတ်ပေးလိုက်တာ ဖြစ်ပါတယ်။
အဲဒီလို သွေးလွန်တုတ်ကွေးကို တိုက်ဖျက်နိုင်တဲ့ ခြင်တွေ ပေါက်ပွားမှုများလာရင် သွေးလွန်တုတ်ကွေးရောဂါပါတဲ့ ခြင်အကောင်ရေ တဖြေးဖြေး နည်းလာပြီး သွေးလွန်တုတ်ကွေးရောဂါ လုံးဝမရှိတော့တဲ့အထိ ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။
ဒီလို စမ်းသပ်မှုတွေကြောင့် လာမယ့်နှစ်အနည်းငယ်အတွင်း သြစတြေးလျနိုင်ငံ အပူပိုင်းဒေသဖြစ်တဲ့ နိုင်ငံရဲ့ မြောက်ပိုင်းမှာ သွေးလွန်တုတ်ကွေး ရောဂါ ဖြစ်ပွားမှုနှုန်း ပိုနည်းလာမယ်လို့ မျှော်လင့်နေကြပြီး မျှော်လင့်သလို ဖြစ်လာရင်တော့ အဲဒီ ခြင်ကောင်တွေကို သွေးလွန်တုတ်ကွေး အဖြစ်များတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေကို ပို့ဆောင်ပေးမယ်လို့ သိရပါတယ်။
No comments:
Post a Comment