Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 30, 2014

ည ၁၀ နာရီနောက်ပိုင်း မီးထွန်း၊ သွားလာလျှင် ပစ်ခတ်ခံရမည်ဟု ဗိုလ်သိန်းစိန်ညွှန်ကြား

အောက်တိုဘာ ၂၉ ရက် ၂၀၁၄

သျှမ်းပြည်တောင်ပိုင်း ကာလိမြို့နယ်ခွဲအတွင်း တပ်ချလှုပ်ရှားနေသည့် ခြေလျင်တပ်ရင်း အမှတ် ၁၅၁ လက်အောက်ခံ တပ်ခွဲမှူး ဗိုလ်သိန်းစိန်က ကျေးလက်လူထုအား ည ၁၀ နာရီ နောက်ပိုင်းမီးမထွန်းရ၊ မီးထွန်းသွားလာလျှင် ပစ်ခတ် ခံရမည်ဟု ဒေသခံများအား ဆင့်ခေါ်ကာ ညွှန်ကြားထားသည်ဟု ဆိုသည်။

အောက်တိုဘာ ၂၇ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲ နှင့် မိုင်းစံ မြို့နယ်ခွဲကြား ဟောင်လိတ်ကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စခန်းချနေထိုင်သည့် ခလရ ၁၅၁ လက်အောက်ခံ တပ်ခွဲမှူးဗိုလ်သိန်းစိန် က ဒေသခံများအား ခေါ်ယူက မီးထွန်းသွားလာခြင်းမပြုရန် ၊ တွေ့ရှိပါ က ပစ်ခတ်ခြင်းခံရလျှင် တာဝန်ယူမည် မဟုတ် ကြောင်း ပြောသည်။

“ဒီ စစ်ဗိုလ်က ဒီကိုရောက်တာ လပိုင်းဘဲရှိတယ်။ လလယ်ပိုင်းတုန်းကလဲ ည ၁၀ နာရီလောက် အလ ကား နေရင်း သေနတ်ပစ်ဖေါက်တယ်။ အားလုံးလန့်သွားတာပေါ့။ ပီးခဲ့တဲ့အပတ်က ရွာသူကြီးကိုခေါ်ပြီး ပြောတယ်။ ည ၁၀ နာရီ နောက်ပိုင်းမီးမထွန်းရဘူးတဲ့။ အခု မနေ့က ထပ်ခေါ်ပြောတာ က ပစ်သတ်ခံ ရရင် တာဝန်မယူဘူးတဲ့” - ဟု အမည် မဖေါ်လိုသည့် ရွာသားတဦးကပြောသည်။

ခလရ ၁၅၁ လက်အောက်ခံ တပ်ခွဲတခုသည် ဟောင်လိတ်ကျေးရွာဘုန်းကြီး၌ အခြေချနေထိုင်သည်မှာ ၂ နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း၊ ဝါတွင်းဥပုသ်သည်များအခက်အခဲကြောင့်ဖယ်ရှားပေးဖို့ ကူညီပြောဆိုပေးရန် ကွန်ဟိန်းပြည်သူ့လွှတ် တော်ကိုယ်စားလှယ် နန်းဝါနုထံ ရွာသားများတင်ပြပြီးနောက် တပတ်ခန့်သာရှောင်ပေးကြောင်း၊ ယခုထက်ထိဘုန်းကြီး ကျောင်းအား တပ်စခန်းအဖြစ်ပြန်လည်အသုံးပြုနေဆဲဖြစ်ကြောင်း ပြောသည်။

အဆိုပါဒေသသည် အစိုးရတပ်မတော်လက်အောက်ခံ ကာလိပြည်သူ့စစ်တပ်ဖွဲ့ လှုပ်ရှားသွားလာ ရာဒေသဖြစ်သည်။ ၎င်းတို့သည် သျှမ်းပြည်တပ်မတော် SSPP/SSA တပ်မဟာ ၇ တပ်ဖွဲ့ဝင်ဟောင်း များဖြစ်ကြသည်။



ဓါတ်ပုံ - ကာလိမှ မိုင်းစံသို့အသွားလမ်း



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ