အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ် ကမ်ပူမြို့နားက
ချန်ဒါရီဘူတာရဲ့ ရထား သံလမ်းဘေးမှာ ကိုယ်လက်အင်္ဂါတွေ ပြတ်တောက်ပုံ
ပျက်နေတဲ့ ဗြိတိန်နိုင်ငံသား တယောက်ရဲ့ အလောင်းကို အောက်တိုဘာ ၂၉ ရက်နေ့က
တွေ့ရပါတယ်။
အိန္ဒိယအစိုးရ မီးရထားရဲတွေရဲ့အဆိုအရ ဒီသေဆုံးမှုကို ခုချိန်ထိ မတော်တဆမှုအဖြစ် သတ်မှတ်ထား ပါတယ်။
ဒီအမျိုးသားဟာ မောင်းနှင်နေဆဲ ရထားပေါ်က ပြုတ်ကျသေဆုံးပုံ ရတယ်လို့
ချန်ဒရီ မီးရထားဘူတာရဲ့ စစ်ဆေးရေးမှူး မဟာဒေ့ဗ်က ပြောပါတယ်။ သူ့ရဲ့
နိုင်ငံကူး လက်မှတ်အရ သူ့ဇာတိနိုင်ငံကိုပဲ သိသေးတယ်။
သူနိုင်ငံကူး လက်မှတ်က အသက်အရ အသက် ၅၆ နှစ်ရှိပြီလို့ သူက ဆက်ပြောပါတယ်။ သေဆုံးမှုကို အိန္ဒိယရဲတွေက စုံစမ်းစစ်ဆေးနေဆဲပါ။
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment