Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 30, 2014

ကော်သူလေးတပ်မတော်ဖွဲ့စည်းရန် ဆုံးဖြတ်

ကရင်ပြည်နယ် မြ၀တီမြို့နယ်အပိုင်က ဒီကေဘီအေ ဌာနချုပ် ဆုံဆည်းမြိုင်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေရဲ့ ဆွေးနွေးပွဲကနေ ကော်သူလေး တပ်မတော် အဖြစ် ပေါင်းစည်းဖို့ သဘောတူ ဆုံးဖြတ်လိုက်ကြ ပါတယ်။

ကော့သူလေး တပ်မတော် ဖွဲ့စည်းရေး ဆိုင်ရာကိစ္စမှာ ကရင်အမျိုးသား အစည်းအရုံးက မူအားဖြင့် သဘောတူကြောင်း ဆုံးဖြတ်ချက်၊ ကော်သူလေး တပ်မတော် ဖွဲ့စည်းခြင်းကို တက်ရောက်လာတဲ့ လူထုကိုယ်စားလှယ်တွေ အားလုံးက ထောက်ခံကြောင်း ဆုံးဖြတ်ချက်၊ ဒီကေဘီအေက ကော်သူလေး တပ်မတော်အဖြစ် ရပ်တည်သွားဖို့နဲ့ ကော့သူလေ တပ်မတော် အောက်မှာ ရှိတဲ့ တပ်ပိုင်းဆိုင်ရာ စုဖွဲ့မှုပုံစံ ဆွေးနွေးတဲ့အခါမှာ ကရင့်လက်နက်ကိုင်တပ်မှူးတွေ စုံညီစွာ ဆွေးနွေးပြီးတော့ လူထုကို ချပြမယ်ဆိုတဲ့ အချက်လေးချက်ကို ဆုံးဖြတ်ခဲ့တယ်လို့ ကိုယ်တိုင်တက်ရောက်သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုမျိုးဇော်လင်းက ပြောပါတယ်။

ဒီဆွေးနွေးပွဲကို ဗိုလ်ချုပ်ထိန်မောင်ဦးဆောင်တဲ့ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်တော်(ငြိမ်းချမ်းရေးကောင်စီ)က ကိုယ်စားလှယ်တော့ တက်ရောက်ခြင်း မရှိပါဘူး။ ဒါပေမယ့် အဲဒီအဖွဲ့ကနေ မကြာသေးခင်ကမှ ထွက်ခဲ့တဲ့ ဒေါက်တာ တင်မိုသီကတော့ တက်ရောက်ပါတယ်။

ကလိုထူးဖော ကရင်အဖွဲ့အစည်းကလည်း ကော်သူလေတပ်မတော်မှာ ပါဝင်ပူးပေါင်းဖို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

ဒီဆွေးနွေးပွဲကို ကရင်အမျိုးသားအစည်းအရုံး။ ဒီကေဘီအေ။ ကေကေအိုနဲ့ ဧရာဝတီတိုင်း။က ရင်ပြည်နယ်စတဲ့ ဒေသတွေက ကရင်ကိုယ်စားလှယ်တွေအပါအ၀င် လူပေါင်း ၃၀၀ ကျော် တက်ရောက်ပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ