Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 31, 2014

မြန်မာသမ္မတ နဲ့ ဒေါ်စုကို သမ္မတ အိုဘားမား ဆက်သွယ် စကားပြော

အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ ကြာသာပတေးနေ့က မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အတိုက်အခံ ခေါင်းဆောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို တဦးချင်းထံကို သီးခြားစီခွဲပြီး တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆို ခဲ့တယ်လို့ ၀ါရှင်တန် သမ္မတ အိမ်ဖြူတော် ကပြောဆိုပါတယ်။

သမ္မတဦးသိန်းစိန်က ဒီကနေ့ သောကြာနေ့မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် အပါဝင် စစ်တပ် ကိုယ်စားလှယ်တွေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ထိပ်တန်း နိုင်ငံရေးပါတီကြီး ၆ ခုက ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေကို အစိုးရ ရုံးစိုက်ရာ နေပြည်တော်  မှာ တွေ့ဆုံဆွေးနွေး စကားပြောကြဖို့ စီစဉ်ထားပါတယ်။

မစ္စတာအိုဘားမား ဟာ သမ္မတ တစ်ဦး အနေနဲ့ မြန်မာနိုင်ငံကို ဒုတိယအကြိမ် အဖြစ် ရှေ့လမှာ သွားရောက်ဖို့ စီစဉ် ထားပါတယ်။ ခရီးစဉ်အတွင်းမှာ အရှေ့အာရှ ထိပ်သီး အစည်းအဝေးနဲ့ အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲတွေကို တက်ရောက်မှာလည်း ဖြစ်ပါတယ်။

သမ္မတအိုဘားမားက ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်မှုတွေကို ကြိုဆိုကြောင်း ပြောကြားခဲ့တာပါ။ ဒါ့အပြင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရာမှာ နိုင်ငံတကာက အသိမှတ်ပြုလက်ခံတဲ့ လုပ်ဆောင်မှုဖြစ်ဖို့ လိုအပ်ကြောင်းနဲ့  မြန်မာအစိုးရဘက်က ရေးဆွဲထားတဲ့ ရခိုင် Action Plan ကို ပြန်လည် သုံးသပ်ဖို့အပါအဝင် ရခိုင်ပြည်နယ်တွင်း လူ့အခွင့် အရေးဆိုင်ရာ ကိစ္စရပ်တွေကို တိုးမြှင့်ဆောင်ရွက်ဖို့ အရေးကြီးကြောင်း သမ္မတ ဦးသိန်းစိန်ကို ပြောကြားခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖေါ်ပြထားပါတယ်။

အခုအချိန်ဟာ မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေး ဖေါက်ဖျက်မှုတွေ သတင်းသမားတွေကို အကျဉ်းချမှု၊ စစ်တပ်က လူမျိုးစု တိုင်းရင်းသားတွေကို ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာ ဖမ်းဆီးနေမှု၊ နိုင်ငံမဲ့အဖြစ် သတ်မှတ်ထားတဲ့ ရိုဟင်ဂျာ တွေကို ဖိနှိပ်နေမှု စတာတွေကြောင့် အမေရိကန် ပြည်ထောင်စုက စိုးရိမ်မှုတွေ တိုးများလာနေတဲ့ အချိန်လည်း ဖြစ်တယ်လို့  ရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒီကနေ့ ကျင်းပမယ့် အစည်းအဝေးဟာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည် နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အကြား ပထမဆုံး အကြိမ် တွေ့ဆုံမှုလည်း ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတ အိုဘားမား အိမ်ဖြူတော်တွင်း တယ်လီဖုန်း ပြောနေစဉ်။ 


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ