Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 29, 2014

computer ကို ပါးစပ်နဲ့ခိုင်းမယ်

ကွန်ပျူတာကို ပါးစပ်နဲ့ပြောပြီး ကိုင်တွယ်အသုံးပြုနိုင်ပါတယ် window 7 မှာ ပါတဲ့ အထဲက ကျွန်တော်သဘောကျတဲ့ တစ်ချက်ကတော့ ကွန်ပျူတာကို microphone ကနေတစ်ဆင့် ပါးစပ်နဲ့ပြောပြီး ကိုင်တွယ်အသုံးပြုနိုင်ပါတယ် . အသုံးပြုနည်းကတော့ လွယ်ပါတယ် . အသုံးပြုနည်း……………………
•(၁) start >> control panel >> Ease of Access ကို ရွေးလိုက်ပါ .

•(၂) speech recognition >> set up a microphone ကို နှိပ်လိုက်ပါ .

•(၃) microphone ကို တစ်ခါတည်း plug ထိုးထားလိုက်ပါ . အဲ့ဒါဆိုရင် •Headset microphone , Desktop microphone, other ဆိုပြီးတော့ သုံးခုရှိတဲ့အထဲက ကိုအသုံးပြုတဲ့ microphone ကို ရွေးလိုက်ပါ ပြီးတော့ Next ပေါ့ .

•(၄) Next ကို ဆက်နှိပ်လိုက်ပါ . အ၀ါ၊ အစိမ်း၊ အပြာ သုံးရောင်ခြည်ထားတဲ့ အတန်းတစ်တန်းကို တွေ့ရင် မိုက်ကနေ စမ်းပြီးတော့ပြောလိုက်တာနဲ့ mic ကောင်းရင် next ကိုနှိပ်ဖို့ပေါ်လာပေးပါတယ် . နောက်တစ်ခါ next ကို ထပ်နှိပ်လိုက်ပါ . အသံပြောလိုက်ပြီးရင် အဆင်ပြေသွားပြီဆိုတာနဲ့ finish ပေါ်လာပါလိမ့်မယ် .


Microphone ကိုတော့ စမ်းပြီးတော့ အိုကေသွားပြီထင်ပါတယ် အခုလောက်ဆို ဒုတိယအဆင့်အသံစမ်းမယ် . •(၁) ဒုတိယအဆင့်က ကိုယ့်အသံကို စမ်းစစ်မယ် . နားကြပ်တပ်ထားလိုက်ပါ .

•(၂) start >> control panel >> Ease of Access >> start speech recognition ကိုရွေးလိုက်ပါ .

•(၃) ပေါ်လာတဲ့ box ကို on ထားလိုက်ပါ . ပြီးတာနဲ့ မိုက်နဲ့စမ်းပြီးတော့ အမိန့်ပေးပြီး အဖွင့်အပိတ် အမိန့်ပေးလို့ ရသွားပါပြီ . အဲ ကိုယ့်အသံက အသံနေအသံထား မှန်မမှန်ဆိုတာကို အရင်ဆုံး စမ်းစစ်လိုက်ပါ

•(၄) start >> control panel >> Ease of Access >> speech recognition ကိုရွေးလိုက်ပါ

•(၅) train your computer to better understand you ဆိုတာကို နှိပ်လိုက်ပါ . နောက်တစ်ခုက take speech tutorial ကို ရွေးပြီးတော့လဲ ကျင့်လို့ရပါတယ် . သူပြောခိုင်းတဲ့ စကားလုံးတွေကို ကိုယ့်ပါးစပ်ကနေ လိုက်ပြောကြည့်ပါ မှန်တယ်ဆိုရင် နောက်ထပ်တစ်လုံး အလိုလိုတိုးသွားပါလိမ့်မယ် . ကဲ

•(၆) အားလုံး အိုကေပြီ ကိုယ့်အသံကလဲ အသံနေအသံထားမှန်ပြီဆိုရင်တော့ ဖြင့် အပေါ်က ပထမနည်းအတိုင်း အသံကို On ထားလိုက်ပါ . ပြီးတာနဲ့ အားလုံးကို ပိတ်လိုက်ပြီး မိုက်ပုံစံလေးကို နှိပ်လိုက်တာနဲ့ Off ကနေ On ဖြစ်သွားပါလိမ့်မယ် . ကဲစပြီးတော့ လက်တွေ့စမ်းကြည့်လိုက်ပါ . မနက်ကျရင် ကျွန်တော် movie နဲ့ပြန်ရှင်းပြပါ့မယ် . ဒါပေမယ့်လွယ်ပါတယ် . စမ်းကြည့်လိုက်ပါ . အရင်ဦးဆုံး start ဆိုပြီးတော့ မိုက်နဲ့ ပြောကြည့်လိုက်ပါ . start menu bar တက်လာရင်တော့ အဲ့ဒါ အဆင်ပြေသွားပါပြီ ကျန်တာတွေကိုတော့ ကိုယ့်ဟာကိုပဲ အသံမှန်အောင် လေ့ကျင့်ပြီး ကွန်ပျူတာကို ခိုင်းလို့ရသွားပါပြီ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ