Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 17, 2014

ISIS စစ်သွေးကြွများ နှင့် ကာ့ဒ်မျိုးနွယ်စုများ အကြား တိုက်ပွဲများ စတင်ဖြစ်ပွားသည့် အချိန်မှစ၍ သေဆုံးသူ ၆၀၀ ကျော်ထိမြင့်တက်

                                

ဒမတ်စကတ် ၊ ၁၇-၁၀-၂၀၁၄

ISIS စစ်သွေးကြွ များနှင့် ဆီးရီးယား နိုင်ငံအတွင်းရှိ ကာ့ဒ်မျိုးနွယ်စု များအကြား ကိုဘာနီမြို့ တိုက်ပွဲစတင် ဖြစ်ပွားသည့် အချိန်မှစ၍ သေဆုံးသူ ဦးရေမှာ အရပ်သားများ အပါအဝင် ၆ဝဝ ကျော်အထိ မြင့်တက် လာခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ စောင့် ကြည့် လေ့ လာရေး အဖွဲ့ကြီး က ယမန်နေ့တွင် ပြောကြား ခဲ့သည်။


သေဆုံးသူ များတွင် ကာ့ဒ် အရပ်သား ၂ဝ၊ ကာ့ဒ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့( YPG ) မှ တပ်ဖွဲ့ဝင်နှင့် အခြား ကာ့ဒ် တိုက်ခိုက်ရေး သမား ၂၅၈ ဦးတို့ ပါဝင်ပြီး ကျန်ရှိသူ များမှာ ISIS စစ်သွေးကြွများ ဖြစ်ကြောင်း သိရသည်။

တစ်ချိန်တည်း မှာပင် အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်း တပ်ဖွဲ့များက အောက်တိုဘာ ၁၅ ရက် ညပိုင်းမှ နောက်တစ်နေ့ နံနက်အထိ ISIS စစ်သွေးကြွ များအပေါ်သို့ လေကြောင်းမှ တိုက်ခိုက်မှု ၆ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုတွင် စစ်သွေးကြွ ရာပေါင်းများစွာ သေဆုံးခဲ့သည် ဟု သိရသည်။

ISIS စစ်သွေးကြွ များနှင့် YPG တပ်ဖွဲ့ဝင် များသည် ကိုဘာနီမြို့ တောင်ပိုင်းနှင့် အနောက် တောင်ပိုင်း တွင် ဆက်လက် တိုက်ခိုက် လျက်ရှိပြီး YPG တပ်ဖွဲ့ဝင်များက စစ်ရေးအရ တိုက်ခိုက်လျက် ရှိကြောင်း လေ့လာ စောင့်ကြည့်ရေး အဖွဲ့ကြီးက ထပ်လောင်း ပြောကြား ခဲ့သည်။

ISIS စစ်သွေးကြွ များသည် တူရကီ နယ်စပ်အနီးရှိ အဆိုပါမြို့ကို သိမ်းပိုက် နိုင်ရေးအတွက် စက်တင်ဘာ ၁၅ ရက်မှစ၍ ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသော်လည်း ကာ့ဒ်တပ်ဖွဲ့ဝင် များ၏ အလျှော့ မပေးဘဲ ပြန်လည် ခုခံမှုများနှင့် ရင်ဆိုင်ရလျက် ရှိသည်။

ISIS စစ်သွေးကြွ များသည် အဆိုပါ မြို့ကို သိမ်းပိုက်နိုင်ပြီ ဆိုပါက ၄င်းတို့၏ အစ္စလာမ္မစ်နိုင်ငံ ကို အယ်လ်ရက်ကာ ပြည်နယ်မှ တူရကီနယ်စပ် အနီးထိ တိုးချဲ့ နိုင်မည် ဖြစ်သည်။ ISIS စစ်သွေးကြွ များသည် လက်ရှိအချိန်တွင် ဆီးရီးယားနိုင်ငံ အတွင်းရှိ ကျေးရွာပေါင်း ၃ဝဝ ကျော်ကို တိုက်ခိုက် သိမ်းပိုက်ထားပြီး ဖြစ်ကြောင်းနှင့် ၄င်းတို့၏ တိုက်ခိုက်မှု ကြောင့် ဒေသခံပြည်သူ ၁၆ဝဝဝဝ ကျော်မှာ အိမ်နီးချင်း တူရကီနိုင်ငံ အတွင်းသို့ ထွက်ပြေး ခိုလှုံခဲ့ကြကြောင်း သိရသည်။

  ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ