Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 9, 2014

Kim Jong Un ဘယ်ပျောက်နေလဲ

အသက် ၃၁ နှစ်အရွယ် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ အများပြည်သူတွေရဲ့ မြင်ကွင်းကနေ ပျောက်နေတာ တလ ကျော်ရှိနေပါပြီ။ ဒီအတောအတွင်းမှာ မြောက်ကိုရီးယားရဲ့ ထိပ်တန်းကိုယ်စားလှယ် အဖွဲ့တဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံကို ရှောင်တခင် ရောက်ရှိနေပြီး ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး အရိပ်မြွက် ပြောဆိုနေပါတယ်။

အခုလို မြောက်ကိုရီးယားခေါင်းဆောင် အများပြည်သူရဲ့ မြင်ကွင်းကနေ ပျောက်နေ တာကြောင့် အာဏာသိမ်းမှု ဖြစ်သလား၊ ကျန်းမာရေးမကောင်းလို့လား၊ ပြည်တွင်း စစ်များ ဖြစ်နေသလားဆိုတဲ့ ကောလဟာလတွေ ဖြစ်ပေါ်နေပါတယ်။

သူ့ရဲ့ဖခင်ဖြစ်တဲ့ Kim Jong Ii ရဲ့ အရိုက်အရာကို ၂၀၁၁ ခုနှစ်က ဆက်ခံခဲ့တဲ့ Kim Jong Un ကို နောက်ဆုံးအဖြစ် စက်တင်ဘာလ ၃ ရက်နေ့က မြင်တွေ့ခဲ့ရတာပါ။ အဲဒီတုန်းက သူ အနှစ်သက်ဆုံးဖြစ်တဲ့ Moranbong အမည်ရှိ Pop တေးဂီတ ဖျော်ဖြေပွဲကို တက်ရောက်ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။

အဲဒီတေးဂီတအဖွဲ့ဟာ အမျိုးသမီးငယ် ၅ ယောက် ပါဝင်သီဆိုတာဖြစ်ပြီး အားလုံးကို Kim Jong Un ကိုယ်တိုင် ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။ မြောက်ကိုရီးယား လွှတ်တော် ခေါ်ယူကျင်းပတဲ့ စက်တင်ဘာလ ၂၆ ရက်နေ့မှာ Kim Jong Un မတက်ရောက်ခဲ့ပါဘူး။ အဲဒီမှာ မီဒီယာတွေက စတင် သတိပြုမိခဲ့ကြတာ ဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ