Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 10, 2014

ကိုဘာနီမြို့မှာ Kurdish တွေ ပြန်လည်အသာစီးရ

ဆီးရီးယားနိုင်ငံ ​ကိုဘာနီမြို့ ​နေရာတချို့ကို ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေ ​သိမ်းပိုက်နိုင်ခဲ့ပေမယ့် ​အခုအခါမှာ ​အမေရိကန် ​ဦးဆောင်တဲ့ ​ဝေဟင်တိုက်ခိုက်မှုနဲ့ ​Kurdish ​အဖွဲ့ရဲ့ ​ထိုးစစ်ဆင်မှုတွေကြောင့် ​IS ​အဖွဲ့တွေ ​ရှုံးနိမ့်နေတဲ့ ​အခြေအနေ ​ရောက်ရှိနေပါတယ်။

ကိုဘာနီမြို့ရဲ့ ​သုံးပုံ ​တစ်ပုံကို ​IS ​တပ်ဖွဲ့က ​သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်ခဲ့ပေမယ့် ​အခုအခါမှာ ​Kurdish ​တပ်ဖွဲ့က ​သူတို့ ​အဲ ​ဒီ ​နေရာ ​တွေကို ​ပြန်လည် ​ရရှိ ​ထားပြီလို့ ​ပြောပါတယ်။

ညတုန်းကတော့ ​အမေရိကန် ​ဦးဆောင်တဲ့ ​တပ်တွေက ​Kurdish ​တပ်တွေအတွက် ​ဝေဟင်ကနေ ​တိုက်ခိုက်မှုတွေ ​တိုးမြှင့် ​လုပ်ဆောင်ပေးခဲ့ပါတယ်။

အခုလောလောဆယ် ​IS ​တပ်ဖွဲ့က ​ကိုဘာနီမြို့ရဲ့ ​အရှေ့နဲ့ ​အရှေ့တောင်ပိုင်းက ​နေရာတချို့ကို ​သိမ်းပိုက်ထားတယ်လို့လည်း ​သိရပါတယ်။

ကိုဘာနီမြို့ဟာ ​တူရကီနိုင်ငံနဲ့ ​နီးတဲ့ ​မြို့ဖြစ်တဲ့အတွက် ​တူရကီ ​အစိုးရတပ်ကလည်း ​IS ​တပ်ဖွဲ့ကို ​နှိမ်နင်းမှုတွေလုပ်ဖို့ ​Kurdish ​လူမျိုးတွေက ​တောင်းဆိုနေကြသလို ​အမေရိကန်ကလည်း ​တူရကီ ​အစိုးရကို ​ဖိအားပေးနေပါတယ်။

ဒါပေမဲ့ ​တူရကီခေါင်းဆောင်တွေကတော့ ​သူတို့ ​တစ်နိုင်ငံထဲကိုပဲ ​ဆီးရီးယား ​မြေပြင်ကို ​သွားပြီး ​တိုက်ခိုက်ခိုင်းတာမျိုး ​မလုပ်သင့်ဘူးလို့ ​တုန့်ပြန်ထားပါတယ်။

တူရကီ ​အစိုးရကနေ ​တိုက်ခိုက်မှုအတွင်း ​ဝင်မပါတဲ့အပေါ် ​မကျေနပ်တဲ့အတွက် ​တူရကီနိုင်ငံအတွင်းက ​Kurdish ​လူမျိုးတွေက ​ဆန္ဒပြမှုတွေ ​ဆက်တိုက် ​ပြုလုပ်နေကြပါတယ်။

အရင်ရက်ကတော့ ​ဆန္ဒပြသူတွေနဲ့ ​တူရကီရဲတွေအကြား ​ပဋိပက္ခဖြစ်ခဲ့ရာက ​အနည်းဆုံး ​လူ၂၅ ​ယောက် ​သေဆုံးခဲ့ရတဲ့အကြောင်း ​အေဘီစီ ​သတင်းထောက် ​Hayden ​Cooper ​က ​အစ္စတန်ဘူလ် ​မြို့ကနေ ​သတင်းပေးပို့ထားပါတယ်။


တူရကီမှာ Kurdish လူမျိုးနဲ့ ရဲတွေအကြား ဖြစ်ခဲ့တဲ့ ဆန္ဒပြမှုအတွင်း လူ ၂၅ ယောက်လောက် သေဆုံးခဲ့ရပါတယ်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ