Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 11, 2014

ကိုထင်ကျော်လွတ်မြောက်ရေး MDCF အဖွဲ့ဝင်တွေ တောင်းဆိုဆန္ဒပြ

အင်းစိန်ထောင်အတွင်းမှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှု အဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်အပါအ၀င် နိုင်ငံရေး အကျဉ်းသား တွေကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှု အဖွဲ့ MDCF က မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဒီနေ့ ဆန္ဒပြရတာနဲ့ ပတ်သက်လို့ ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ဝင် မစိန်ထွေးက

"ကိုထင်ကျော် အပါအဝင် နိုင်ငံရေးသမားတွေရောပေါ့နော် နောက်တခြားအကြောင်းအမျိုးမျိုးနဲ့ မတရားဖမ်းဆီးခံရတဲ့ လူတွေကို အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးပါလို့ ကျမတောင်းဆိုတယ်၊ လူထုအပေါ်မှာ မိခင်စိတ်အပြည့်အဝရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်သာလျှင် တိုင်းရင်းသား ပြည်သူတွေအပေါ်ကို ကျောသားရင်သားမခွဲခြား မိဘသဖွယ် ရင်အုပ်မကွာစောင့်ရှောက်မယ်လို့ ကျမတို့ ယုံကြည်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေကို ကျမတို့က ကြားဖြတ်အစိုးရအဖြစ် တင်မြှောက်ကြောင်း ကြေညာပါတယ်"

ကိုထင်ကျော်ဟာ သမ္မတ ဦးသိန်းစိန်အစိုးရ နုတ်ထွက်ပေးရေးအပါအ၀င် အချက် ၃ ချက်ကို အစာငတ်ခံ ဆန္ဒပြနေတာ ဒီနေ့အထိ ၈ ရက် ရှိနေပြီလို့ သိရပါတယ်။

အကျဉ်းဦးစီးဌာနက ကိုထင်ကျော်ကို မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ငြင်းပယ်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်အတွင်းကလည်း ကိုထင်ကျော်ဟာ အင်းစိန်ထောင်မှာ ၃၆ ရက်ကြာ အစာငတ်ခံ ဆန္ဒပြခဲ့ဖူးပါတယ်။ အဲဒီကာလတုန်းကတော့ မိသားစုနဲ့ ထောင်ဝင်စာတွေ့ခွင့်ရခဲ့တယ်လို့ သိရပါတယ်။

ကိုထင်ကျော်ဟာ လက်ရှိမှာ စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ၄ လ အမိန့်ချမှတ်ခံထားရသူဖြစ်ပါတယ်။


သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အော



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ