Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 7, 2014

အစိုးရစစ်တပ်နှင့် SSPP/SSA တိုက်ပွဲ UWSA နှင့် မိုင်းလား ပူပေါင်း ထုတ်ပြန်ကြေညာ

အောက်တိုဘာ ၈ ရက် ၂၀၁၄

သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ်တွင် အစိုးရ စစ်တပ်နှင့် သျှမ်းပြည်တိုး တက်ရေး ပါတီ သျှမ်းပြည် တပ်မတော် (SSPP/SSA) ကြား၌ တိုက်ပွဲတင်းမာ မှုနှင့်ပတ်သက်ပြီး “ဝ” ပြည်နယ် သွေးစည်း ညီညွတ်ရေး ပါတီ ( UWSA) နှင့် သျှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄ )( မိုင်းလား ) အဖွဲ့ တို့ မှပူပေါင်းပြီး ထုတ်ပြန် ကြေညာ လိုက်သည်။

“ဒီဘက်မြောက်ပိုင်းမှာလည်း ဒီလိုဖြစ်လာတယ်ဆိုတော့ နဲနဲစိုးရိမ်စိတ်ရှိပါတယ်။ ဒါတွေကြောင့် ဆွေးနွေးပွဲတွေအပေါ်မှာ ထိခိုက်နိုင်မလား တစ်ပြည်လုံးအပစ် အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက် အခတ်အခဲအတား အဆီးတွေဖြစ်ပေါ်လာ မလားဆိုပြီး စိတ်ပူလို့ပါ။ ဒါကြောင့် ကျွန်တော်တို့ သဘောထား တွေကို ထုတ်ပြန်လိုက်တာပါ”ဟု (UWSA) “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် ကဆိုသည်။

ပြီးခဲ့သော အောက်တိုဘာ ၂ ရက် မှ ၅ ရက်နေ့ ထိ တပ်မတော်သည် အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ စစ်သည်အင်အားထောင်ချီသုံး၍ “၁၂၀” မမမော်တာအပါ အ၀င် လက်နက်ကြီးများကိုသုံးကာ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုပြီးသော SSPP/SSA တပ်ဖွဲ့အား ထိုးစစ်ဆင်နေ ကြောင်း အလန့်တကြားသိရသည်ဟု ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားပါသည်။

ဦးအောင်မြင့်က “လက်နက်ကြီးတွေဘာတွေလည်း ပါတယ်လို့ကြားသိရတယ်။ ဒီတော့တိုက်ပွဲလေးတွေ ရိုးရိုးတန်းတန်း ပဋိပက္ခဖြစ်တာကနေ ကြီးကြီးမား မားဖြစ် တာမျိုး ကျွန်တော်တို့လည်း မလိုလားဘူး။ ငြိမ်းချမ်းရေး လည်းအတား အဆီးဖြစ်သွားမှာကိုလည်း စိုးရိမ်တယ်” ဟုပြောသည်။

အောက်တိုဘာလ (၂)(၃) ရက်တွင် အစိုးရတပ်မတော်သည် တာဖာဆောင်ကို လက်နက်ကြီး များဖြင့် ဒရစပ် ပစ်ခတ်သဖြင့် အောက်တိုဘာ (၃) ရက်နေ့က တပ်ဆုတ်ပေးလိုက်ကြောင်း သိရသည်။ အောက်တိုဘာ (၄) ရက်နေ့တွင်မူ အစိုးရတပ်မှ လက်နက်ကြီးဖြင့်ပစ်သောတပ်ကုန်းနေရာကို (SSPP/SSA) တပ်မှဝင်ရောက် သိမ်းပိုက်လိုက်သည်ဟုဆိုပါသည်။

“အောက်တိုဘာလ (၅) ရက်နေ့မှာ သူတို့ကားနဲ့တင်လာတဲ့ အစိုးရတပ်သားရဲ့ အလောင်းတွေပေါ့။ တပ်ကြပ်ကြီး အဆင့်ရှိတာက(၁၁) ယောက်ရှိမယ်။ ကားသမားက ထွက်ပြေးတော့ ကျနော်တို့ တပ်ဖွဲ့က လူတွေသွားကြည့်တော့  အလောင်းတွေပဲဖြစ်တယ်” (SSPP/SSA) ဗဟိုကော်မတီဝင် စဝ်ပိုင်ဖှ ကပြောသည်။

“တိုက်ပွဲတော့ အားလုံးခြုံကြည့်မယ်ဆိုရင် အသေအပျောက်ကတော့ အစိုးရတပ်ကများတာပေါ့ တပ်ကြပ်ကြီးအဆင့်က(၁၁)ဦးဆိုရင် ငယ်သား ကများမှာပေါ့။ အစိုးရတပ်ကသိမ်းလိုက်တယ်ဆိုတာ တာဖာဆောင်တစ်ခုထဲပါ။ အဲဒါလည်း ကျွန်တော်တို့ ပြန်သိမ်းလိုက်တယ်။ တိုက်ပွဲအား လုံးတော့ (၂၀) ကျော်တယ်။ ၂၅ ပွဲလောက်တော့ရှိမယ်။ တာဖာဆောင်နဲ့နမ့်ခုတ် မှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေကတော့ ပြင်းထန်တယ်။ နောက်ပြီးမှ နမ်ဆမ်းဖက် ကသွားတယ်” ဟု(SSPP/SSA) ဗဟိုကော်မတီဝင် စဝ်ပိုင်ဖှ ကပြောသည်။

ယင်းအပြင် “၀” ၊ “မိုင်းလား” နှင့် (SSPP/SSA) အဖွဲ့တို့သည် မဟာမိတ်များ ဖြစ်နေသည့်အတွက်ကြောင့်လည်း ထုတ်ပြန်ချက်ကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ