ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 27, 2014

SSPP/SSA ၏ မူစယ် နမ့်ခမ်းရုံးတာဝန်ခံအား စစ်ဘက်လုံခြုံရေးတပ်ဖွဲ့ ဝင်ရောက်မေးမြန်း

အောက်တိုဘာ ၂၇ ရက် ၂၀၁၄

သျှမ်းပြည် မြောက်ပိုင်း မူစယ် နှင့် နမ့်ခမ်း မြို့ ရှိ သျှမ်းပြည်တိုးတက်ရေး ပါတီ သျှမ်းပြည်တပ်မတော် စီးပွားရေး တာဝန်ခံရုံးအား ယနေ့ အစိုးရ ၏ စစ်ဘက်လုံခြုံရေး တပ်ဖွဲ့ ဝင်များက ရှောင်တခင်ရောက်ရှိ ကာ အကြောင်း အမျိုးမျိုး မေးမြန်းခဲ့သည်ဟု သိရသည်။

အောက်တိုဘာ ၂၆ ရက် နံနက် ၁၁ အချိန်ခန့်တွင် မူစယ်မြို့ စရဖ ဗိုလ်ကြီးစိုင်းထက်ပြည့် စုံအောင်၊ တပ်ကြပ်ကြီး ဇာနည်က မူစယ်မြို့ SSPP/SSA စီးပွားရေးတာဝန်ခံရုံးအား လည်းကောင်း၊ နမ့်ခမ်းမြို့ တပ်ဆွယ်မှူး၏ တပည့်ကလည်း SSPP/SSA ရုံးတာဝန်ခံ၏ ကိုယ်ရေးအကျဉ်းကို ပါပေးရန် နှစ်ကြိမ် တိုင်တိုင် သွားရောက်မေးမြန်းခဲ့သည်ဟု ပြောသည်။

“အရင်ဆုံးက ဦးစိုင်းကျန် နဲ့ ဦးစိုင်းနု ဘယ်သွားလဲတဲ့။ ပြီးတော့ ခင်ဗျားတို့ ဒီရုံးဖွင့်တာ ဘယ်သူ့ ခွင့်ပြုချက်နဲ့ဖွင့်ထားလဲတဲ့။ ဘာလုပ်မလဲမသိဘူး။ သဘောရိုးတော့မဖြစ်နိုင်ဘူး။ နမ့်ခမ်းရုံးကိုလဲ နှစ်ကြိမ် သွားတယ် ဒီနေ့။ ရုံးတာဝန်ခံဘယ်သူလဲ၊ ကိုယ်ရေးအကျဉ်းပေး စသဖြင့် တောင်းတယ်” - တရုတ်နယ်စပ်ရောက် SSPP/SSA အရာရှိကြီးတဦးကပြောသည်။

ထောက်လှမ်းရေး အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက မူ အထက်အမိန့်အရ စစ်ဆေးမေးမြန်းမှု ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောသည်ဟု ဆိုပါသည်။

ဆက်ဆံရေး ရုံးများဖွင့်လှစ်ရာတွင် နေပြည်တော် အစိုးရ အပါဝင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ် ဆောင်ရေး လုပ်ငန်း ကော်မတီ ဉက္ကဌ များဖြစ်ကြသည့် ဦးအောင်မင်း၊ ဦးသိန်းဇော် တို့ထံလည်း ခွင့်ပြုချက် တောင်းရသည်ဟု ဆိုသည်။

အောက်တိုဘာ ၁၈ ရက်နေ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ် ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဉက္ကဌ - ၂ ဦးသိန်းဇော်က မည်သည့်မြို့တွင်မဆို ဆက်ဆံရေးကိုယ်စားလှယ်ရုံးထပ်မံဖွင့်လှစ်လိုသည့် ဆန္ဒရှိလျှင် ဖွင့်လှစ်နိုင်သည့်အကြောင်း လားရှိုးမြို့ ရမခ စစ်တိုင်းရုံး ရွှေလီခန်းမ ၌ တွေ့ဆုံစဉ် သျှမ်းပြည်တိုးတက် ရေးပါတီ အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင်အား ပြောပြထားသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA သည် မြန်မာ အစိုးရ နှင့် ပြည်ထောင် စု အဆင့်ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားေ သ်ာလည်း ‘တပ်စခန်း ဖယ်ပေးခြင်းမရှိဆိုသည့် အကြောင်း ပြချက်ဖြင့် ’ မကြာခဏ အင်အားသုံး တိုက်ခိုက်ခြင်းခံရသည်။

တိုက်ပွဲကြောင့် ဒေသခံ ပြည်သူ ရာဂဏန်းလည်းနေရပ်မှ စွန့်ခွာ ထွက်ပြေးနေရသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ