Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 14, 2014

ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၏ပေးစာအပေါ် SSPP/SSA ကန့်ကွက်

အောက်တိုဘာ ၁၃ ရက် ၂၀၁၄

သံလွင်အနောက်ခြမ်း UWSA ၀တပ်ဖွဲ့ထိန်းချုပ်နယ်မြေ နှင့် ကပ်လျက်ရှိသည့် သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းများ၊ လှုပ်ရှား စစ်ကြောင်းများအား ရုပ်သိမ်းပေးရန် လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ ပေးပို့လာသည့် အိပ်ဖွင့်ပေးစာအား SSPP/SSA မှ ကန့်ကွက်ရှုပ်ချ သည်ဟု ဆိုသည်။

“ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့တွေ့တဲ့အခါ ကျနော်တို့ ကန့်ကွက် ကြောင်း ပြောမယ်။အဲလို ခဏခဏမလုပ်ပါနဲ့ ကျနော်တို့ ပြောမယ်။ သူတို့ဘက်က လုပ်လာရင်လည်း ကျနော်တို့က ကန့်ကွက်သွား မယ်။ ” ဟု SSPP/SSA အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင် ကပြောသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA ထံသို့ သျှမ်းပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူက အောက်တိုဘာ ၉ ရက်နေ့ က တပ်စခန်းများ ဆုတ်ပေးရန် စာရေးသားပေးပို့ခဲ့သည်။

“ကျနော်တို့ ဒီလွယ်လန်းနဲ့ နမ့်ဆီကျိန်စခန်းတွေက တောထဲမှာ ရှိတဲ့ စခန်းတွေ လေ။ ဘယ်သူ့ကိုမှလဲ အနှောင့် အယှက် မပေးဘူး။ လမ်းမကြီးမှာလဲ မဟုတ်ဘူး။ မြို့လဲမဟုတ်ဘူး။ တောထဲမှာ။ ဒါကြောင့် ကျနော်တို့တော့ မဆုတ်နိုင်ဘူး” ဟု စဝ်ခွန်ဆိုင်းကပြောသည်။

အလားတူ ယမန်နေ့ကလည်း ကျေးသီး- ၀မ့်ဝပ်- ခိုလောင်းတလျှောက်ရှိ SSPP တပ်များအားလည်း (သဘောတူညီ ချက် အတိုင်း) ကားလမ်းမှ ၃ မိုင်အကွာသို့ဆုတ်ပေးရန် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) တိုင်းက ထပ်မံ ညွှန်ကြားလာသည်ဟု SSPP ကပြောသည်။

“ကျေးသီး- ပန်စယ့်- လွယ်ယွဲ - ခိုလောင်းလမ်းမ တလျှောက်တဲ့။ ဒီလမ်းတွေက ၁၉၉၅ ခုကတည်းက ကျနော်တို့ လုပ်လာ တာဒီလမ်း။အစိုးရလမ်းမဟုတ်ဘူး။ ပြီးတော့ ကျနော်တို့ သဘောတူထားတဲ့အတိုင်းလို့ ပြောလာတာ ဘာသဘောတူညီ ချက်တုန်း။ တခါမှ သဘော မတူထားရဘူး တပ်ဆုတ်ဖို့ဘာဖို့က။ ၂၀၀၅ တုန်းက ရိက္ခာအခက် အခဲရှိလို့ နမ့်ပုတ်မှာ လာနေပါရစေလို့ ဗမာစစ်တပ်က ကျနော်တို့ဆီကို တောင်းဆိုလာပြီးတော့ ၃-၄ ယောက် လာပြီးစခန်းချပြီးနေတယ်။ အဲ့ကတည်းက ခုချိန်အထိဘဲနေနေတာ။ တပ်ကိုပြန်မဆုတ်တာ။ ကျနော်တို့ခင်းတဲ့ လမ်းမှာလာလဲ လာနေသေးတယ်။ ကျနော်တို့ကို ကျူးကျော်တယ်ဆိုပြီး တပ်ဆုတ်ခိုင်းတယ်။ ဒါတရားလားပေါ့။”

ဦးအောင်သူမှပေးပို့အကြောင်းကြားသည့်စာတွင် - သျှမ်းပြည်တပ်မတော်ကြောင့် ဒေသခံကျေးရွာလူထုက ကြောက်ရွံ့ခြင်း၊ နေထိုင်လုပ်ကိုင်စားသောက်ရန် ခက်ခဲခြင်းတို့ဖြစ်ပေါ်နေသဖြင့် တပ်ဆုတ်ခိုင်းခြင်းဖြစ်သည်ဟု ပါရှိသည်။

ယခုကဲ့သို့ အစိုးရမှ တပ်ဆုတ်ခိုင်းခြင်းအကြောင်းနှင့်ပတ်သက်၍ နယ်စပ်ရေးရာ နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက “ ၀ ကို စစ်ရေးအရ ခြိမ်းခြောက်ချင်တာ ပါတယ်။ အခုဖယ်ခိုင်းတဲ့ လွယ်လန်းတို့ဘာတို့ဆိုတာ အမြင့်ပိုင်းမှာရှိတယ် ၊ အဲဒီကနေ ၁၅၅ မမ လောက်နဲ့ ထိုင်ထားမယ်ဆိုရင် ၀ နယ်ကို ခြိမ်းခြောက်လို့ရတယ်။ စစ်ရေးအရ အသာစီးရအောင်လုပ်နေတာ တွေကတော့ နိုင်ငံရေးအရ ရိုးသားမှုမရှိတဲ့ ခြေလှမ်းတွေလို့ ဆိုရမှာပါ” ဟုပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရတို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေး ထိုးထား ပြီးဖြစ်သည်။


ဓါတ်ပုံ - သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်ဒေသအား မြန်မာအစိုးရစစ်တပ် အားဖြည့်တိုက်ခိုက်မှုပြ မြေပုံ



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ