Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 8, 2014

အီဘိုလာပျံ့နှံ့မှုကို အီးယူ မရှောင်နိုင်တော့ဘူး -WHO

ဥရောပတိုက်မှာ ​အီဘိုလာပိုး ​မပျံ့နှံ့အောင် ​လုပ်ဆောင်ဖို့ ​မလွယ်တော့ဘူးလို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ​WHO ​က ​ပြောပါတယ်။

အာဖရိကကို ​မသွားပဲ ​စပိန် ​သူနာပြု ​တစ်ဦး ​ရောဂါ ​ကူးစက် ​ခံရသလို ​တခြား ​လူလေးဦး ​ကိုလည်း ​ဆေးရုံ ​တင်ထားရပြီးနောက် ​ကမ္ဘာ့ကျန်းမာရေး ​အဖွဲ့က ​ပြောလိုက် ​တာပါ။

စောင့်ကြည့် ​ခံရသူတွေထဲမှာ ​ရောဂါပိုးရှိနေတဲ့ ​သူနာပြုမ ​အပြင် ​သူမရဲ့ ​ခင်ပွန်းသည်လည်း ​ပါဝင်ပါတယ်။

ဒါပေမဲ့ ​ခင်ပွန်းသည်မှာ ​အီဘိုလာ ​ရောဂါ ​လက္ခာဏာ ​မတွေ့ရသေးပါဘူး။

အဲဒီ ​သူနာပြုမဟာ ​အာဖရိကတိုက်ကနေ ​ပြန်လည်ရောက်ရှိလာသူ ​ခရစ်ယာန် ​သာဿနာပြုတွေကို ​အီဘိုလာရောဂါ ​ကုသပေးရင်း ​ကူးစက်ခံခဲ့ရတာပါ။

အကာအကွယ်တွေ ​သုံးတဲ့ကြားက ​ဘယ်လို ​ကူးစက်သလဲဆိုတာကို ​မသိကြတဲ့အတွက် ​ကာကွယ်ရေးအပိုင်းနဲ့ ​ပတ်သက်ပြီး ​စပိန်နိုင်ငံရဲ့ ​လုပ်နည်းလုပ်ဟန်ကို ​ရှင်းပြဖို့ ​ဥရောပသမဂ္ဂက ​အပူတပြင်း ​စုံစမ်းမှုတွေ ​လုပ်နေပြီး ​စပိန်အစိုးရကို ​ဖိအားပေးနေကြပါတယ်။

သူနာပြုမနဲ့ ​ပြောဆိုဆက်ဆံဖူးသူ ​လူ ​၂၂ ​ယောက်ကိုလည်း ​စပိန်အာဏာပိုင်တွေက ​စောင့်ကြည့်စစ်ဆေးမှုတွေ ​လုပ်နေပေမယ့် ​သီးသန့် ​ထိန်းသိမ်းထားတာမျိုး ​မဟုတ်ပဲ ​တစ်ရက်ကို ​နှစ်ကြိမ် ​အပူချိန် ​တိုင်းပေးတာမျိုးသာ ​ဖြစ်ပါတယ်။

အီဘိုလာ ​ရောဂါဟာ ​၂၁ ​ရက် ​ကြာတဲ့အထိ ​ရောဂါပျိုးနေတတ်တဲ့အတွက် ​၂၁ ​ရက်ကြာ ​စောင့်ကြည့် ​စစ်ဆေးလေ့ရှိပါတယ်။

အမေရိကန်နိုင်ငံကလည်း ​ဒေါ်လာ ​သန်းပေါင်း ​၃၀၀ ​ကျော်ကို ​အသုံးပြုပြီး ​အီဘိုလာပိုး ​တိုက်ဖျက်ဖို့ ​ကြိုးစားနေပါတယ်။

အမေရိကန် ​စစ်သား ​အယောက်ပေါင်း ​၄၀၀၀ ​နီးပါးက ​လိုင်ဘေးရီးယားနိုင်ငံကို ​သွားရောက်နေပါတယ်။

ရွှေ့ပြောင်းစမ်းသပ်ရေး ​စခန်း ​အတွက် ​အဖွဲ့ ​သုံးဖွဲ့ကတော့ ​လုပ်ငန်းတွေ ​လုပ်ဆောင်နေပြီး ​နောက်နှစ်ဖွဲ့ကလည်း ​မကြာခင် ​သွားရောက်ဖို့ရှိပါတယ်။

အမေရိကန်ရဲ့ ​ရည်ရွယ်ချက်က ​ရောဂါကူးစက်ခံရသူ ​၇၀% ​ကို ​ကုသရေးဌာန ​ပို့ဆောင်နိုင်ဖို့ဖြစ်ပြီး ​အဲလို ​လုပ်ဆောင်နိုင်မယ်ဆိုရင် ​ရောဂါကို ​ထိန်းသိမ်းနိုင်မယ့်အခြေအနေ ​ရောက်ရှိသွားမယ်လို့ ​ပြောပါတယ်။

အမေရိကန်အဖွဲ့အနေနဲ့ ​တစ်နှစ်လောက်ကြာတဲ့အထိ ​လုပ်ငန်းလုပ်ဆောင်ဖို့ရှိကြောင်း ​Michael ​Vincent ​က ​သတင်းပေးပို့ထားပါတယ်။


စပိန်နိုင်ငံ မက်ဒရစ်မြို့ ဆေးရုံမှာ အီဘိုလာ ကူးစက်ခံရသူ သူနာပြုကို စောင့်ရှောက်ထား


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ