Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 15, 2014

တစ်ပါတ်အတွင်း လူပေါင်း ၁၀၀၀၀ အီဘိုလာ ကူးစက်နိုင်- WHO

အာဖရိက ​အနောက်ပိုင်း ​ဒေသမှာ ​ဖြစ်နေတဲ့ ​အီဘိုလာ ​ရောဂါကို ​မထိန်းသိမ်းနိုင်ရင် ​တစ်ပါတ်ကို ​လူပေါင်း ​၁၀၀၀ ​နှုန်းနဲ့ ​ကူးစက်ခံရနိုင်တယ်လို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ​WHO ​က ​ပြောပါတယ်။

အနောက်အာဖရိကဒေသက ​လိုင်ဘေးရီးယား၊ ​ဆီရာယာလီယွန်နဲ့ ​ဂီနီနိုင်ငံမှာ ​အီဘိုလာ ​ပျံ့နှံ့မှုတွေ ​ဖြစ်ပေါ်နေဆဲဖြစ်ပြီး ​အခုလောလောဆယ် ​လူပေါင်း ​၄၅၀၀ ​လောက် ​သေဆုံးရပြီ ​ဖြစ်ပါတယ်။

ဒီတစ်ပါတ်အတွင်း ​ကူးစက်ခံရသူ ​၉၀၀၀ ​ကျော် ​ရှိနိုင်တယ်လို့လည်း ​ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ​ပါမောက္ခ ​Peter ​Piot ​က ​အီဘိုလာ ​ရောဂါပြီး ​ပျံ့နှံ့မှုက ​အကြီးမားဆုံး ​စိန်ခေါ်မှုဖြစ်နေတယ်လို့ ​ဆိုပါတယ်။

အီဘိုလာ ​ပိုးကြောင့် ​သေဆုံးသွားတဲ့ ​လူတွေရဲ့ ​အသုဘကို ​လာရောက်ကြတဲ့ ​ဆွေမျိုးတွေ၊ ​အီဘိုလာ ​လူနာတွေကို ​စောင့်ရှောက်မှုလုပ်တဲ့ ​ဆွေမျိုးသားချင်းတွေ ​ရောဂါမကူးစက်အောင် ​လုပ်ဆောင်ဖို့က ​စိန်ခေါ်မှုကြီး ​တစ်ခုလို ​ဖြစ်နေပြီး ​ဒီပြဿနာကို ​ဖြေရှင်းနိုင်ဖို့အတွက် ​ဒေသခံတွေ ​ပြောတဲ့ ​စကားကို ​နားလည်တတ်ကျွမ်းပြီး ​သူတို့ရဲ့ ​ရိုးရာ ​ဓလေ့တွေကို ​နားလည်မှသာ ​ဖြေရှင်းနိုင်မယ်လို့ ​ပြောသွားခဲ့ပါတယ်။

အဲဒီပြဿနာတွေ ​မဖြေရှင်းနိုင်သေးတဲ့အတွက် ​ဆီရာယာလီယွန်၊ ​လိုင်ဘေးရီးယားနဲ့ ​ဂီနီနိုင်ငံမှာ ​ရောဂါကူးစက်မှုတွေ ​ဆက်လက်ဖြစ်ပေါ်နေပါတယ်။

အမေရိကန် ​သူနာပြုရဲ့ ​အခြေအနေကတော့ ​တည်ငြိမ်နေ

အခုလောလောဆယ် ​လိုင်ဘေးရီးယားနိုင်ငံကနေ ​အမေရိကန်နိုင်ငံကို ​ရောက်ရှိလာတဲ့ ​လူနာကို ​ကုသခဲ့တဲ့ ​သူနာပြုရဲ့ ​အခြေအနေဟာ ​တည်ငြိမ် ​နေတယ်လို့ ​သိရပါတယ်။

သူနာပြု ​နီနာဖန် ​အတွက် ​အီဘိုလာ ​ရောဂါ ​ကူးစက်ခံရာက ​ပျောက်ကင်းသွားတဲ့ ​အမေရိကန် ​ဆရာဝန်တစ်ဦးက ​ခန္ဓာကိုယ်အတွင်းက ​plasma ​တွေကို ​လျူဒါန်းလိုက်ပြီး ​အဲဒီနည်းနဲ့ ​ပျောက်ကင်းလိမ့်မယ်လို့ ​မျှော်လင့်နေကြပါတယ်။

IAEA ​အဖွဲ့လည်း ​အီဘိုလာ ​တိုက်ဖျက်ရေးမှာ ​ပါဝင်လာ

ကုလသမဂ္ဂရဲ့ ​နိုင်ငံတကာ ​အာဏုမြူစွမ်းအင်ဆိုင်ရာ ​အဖွဲ့ ​IAEA ​ကလည်း ​အီဘိုလာရောဂါ ​တိုက်ဖျက်ရေးမှာ ​ပါဝင်လာကြပါတယ်။

နျူကလီးယား ​စက်မှုကို ​အသုံးပြုပြီး ​ရောဂါရှိမရှိဆိုတာကို ​မြန်မြန်ဆန်ဆန် ​ပြောဆိုနိုင်တဲ့အတွက် ​အဲဒီအပိုင်းမှာ ​ကူညီပေးမှာ ​ဖြစ်ပါတယ်။

ဒီတစ်ပါတ်အတွင်း ​အဲဒီ ​စက်ပစ္စည်းတွေကို ​ဆီရီယာလီယွန်နိုင်ငံကို ​ပို့ဆောင်မှာဖြစ်ပြီး ​အဲဒီနောက်မှာတော့ ​လိုင်ဘေးရီးယားနဲ့ ​ဂီနီနိုင်ငံကို ​ပို့ဆောင်မှာ ​ဖြစ်ပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ