နင့်အပြုံးတုတွေနဲ့
ဒီလိုအိပ်မက်ဆိုးတွေ….
ငါ့နှလုံးသားကနာပေမယ့်…
နင့်အတွေးတွေနဲ့ဘောင်ခတ်ထားလို့
ပြေးထွက်လို့မရဘူးအသဲရယ်..
နင်အမျှဝေတာကြားပါတယ်
ဒီနားကမကြားချင်ယောင်ဆောင်နေတော့
ငါသာဓုမခေါ်နိုင်ဘူးအသက်ရဲ့
အမြန်သာပြေးလိုက်တော့
အဝေးဆုံးရဲ့အပြင်ဖက်ရောက်အောင်
ငါကုံးပိုးပြီးလိုက်ပို့မယ်
နင်ထင်တဲ့အစစ်အမှန်ဆိုတာက
တံလျှပ်တွေဆိုတာမှန်း
ကြာကြာဝါးမိမှသိပါလိမ့်မယ်
အချစ်ကိုနင်မသိဘူး
သံယောဇဉ်ကိုနင်နားမလည်ဘူး
နင့်ရင်ဘတ်ထဲမှာလဲဘာမှမရှိဘူး
ကြေးစည်သံကြားရတဲ့အခါ
နင်သေချာပြုံးလို့ရပြီပေါ့
ငါမရှိတော့တာပျော်စရာကြီးလေ
ဒီမှာအချစ်ရဲ့..
ဘ၀ဆိုတာကရေပွက်ပါ
ပျော်ရွှင်မှုကခဏတာမို့
ဝေဒနာလမ်းစကိုရောက်တဲ့အခါ
နင်ငါ့ကိုသတိရမှာပါ…..။
No comments:
Post a Comment