Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, August 26, 2014

ကလေး(၃)ဦး မွေးဖွားခဲ့တဲ့ ယောက်ျား

“ယောကျာ်း ဖောင်စီး မိန်းမ မီးနေ” ဆိုတဲ့ စကားက မှန်တော့ မှန်တယ်။ ဒါပေမဲ့ ရာနှုန်းပြည့် အပြည့်အဝ မမှန်တော့ ဘူး လို့ ဆိုရမှာပါ။ မိန်းမတစ်ဦး အရွယ် ရောက်ပြီး အိမ်ထောင်ကျရင် သားဖွားခြင်း အလုပ်ကို အသက်နဲ့ ရင်းပြီး လုပ်ဆောင် ကြရတာ မဟုတ်ပါလား။ အခုတော့ အဲဒီသားဖွားခြင်းအလုပ်ကို ယောကျာ်းတွေ လည်းလုပ်နေကြပါပြီ။
ပုံမှာမြင်ရတဲ့ အတိုင်းပါပဲ သောမတ်စ်ဘီတီ (Thomas Beatie,) ဟာ ယောကျာ်းတစ်ဦး ဖြစ်ပေမယ့် ကိုယ်ဝန်ဆောင် ကလေးမွေးဖွား ခဲ့ရာ မှာ တစ်ကြိမ်မကတော့ပါဘူး။

ကလေး (၃)ဦးတောင်မွေးဖွားခဲ့တာကြောင့် နောက်ထပ် ကလေးမမွေးတော့ဘူးလို့ ဖွင့်ဟပြောဆိုလိုက် ပါပြီ။ သောမတ်စ်ဟာ အသက်(၂၀)အရွယ်မှာ testosterone ဟိုမုန်းတွေ စတင်ထိုးခဲ့ပြီး သူ့ရဲ့ အသံဟာလည်း မိန်းမအသံပြောင်းသွားခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်အရောက်မှာတော့ သူဟာ မိန်းမမျိုးပွားအင်္ဂါတွေရှိနေတဲ့ ယောကျာ်းတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ပထမဆုံးသမီးလေးဆူဆန်ကို ၂၀ဝ၇ ခုနှစ်မှာ ကိုယ်ဝန်ဆောင်ခဲ့တာ ကြောင့် သူနဲ့ဇနီးနန်စီတို့ကို ကမ္ဘာတစ်ဝန်းလုံးက အံ့ဩမဆုံးဖြစ်ခဲ့ရပါတယ်။
နန်စီဟာ ငယ်စဉ် ကတည်းက သားအိမ် ခွဲထုတ်ခဲ့တာကြောင့် ဆူဆန်ကိုမမွေးခင်ရက်အနည်းငယ်အလိုမှာ ဖြစ် ပေါ်ခဲ့တဲ့ ခံစားချက်နဲ့ပတ်သက်ပြီး သောမတ်စ်က “ကျွန်တော်ဖော်မပြနိုင်လောက်အောင် ဝမ်းသာခဲ့ရပါတယ်။ ဆူဆန် လေး ကျွန်တော့် ဗိုက်ထဲရှိနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ်တောင် မယုံခဲ့ပါဘူး။ ဒါဟာမိသားစုဘဝ တည် ဆောက်ဖို့ ကျွန်တော်နဲ့နန်စီတို့ နှစ်ရှည်လများ မျှော်လင့်ခဲ့ရတဲ့ အိပ်မက်တစ်ခုဖြစ်ပါတယ်”လို့ ပြောဆိုသွားခဲ့ပါတယ်။ အရီဇိုးနား ပြည်နယ်မှာ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင် နေတဲ့ သောမတ်စ်ဟာ ကလေးထပ်မယူဘူးလို့ ဆုံးဖြတ်လိုက်ပြီဖြစ်တာကြောင့် သားအိမ်ကို ခွဲစိတ် ဖယ်ရှားပစ်တောာ့မယ်လို့ သိရပါ တယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ