Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, August 29, 2014

အောင်မြင်ချင်တာနဲ့ နာမည်ကြီးချင်တာ လုံးဝမတူပါ

အနုပညာ လောကမှာ ကြာရှည်စွာ လျှောက်လှမ်း နေပြီး အောင်မြင်မှုနှင့် အတူ ပရိသတ် များ၏ အားပေးမှုကို ရရှိထားသူ လူရွှင်တော် ငှက်ပျော ကြော် က အောင်မြင်မှု အကြောင်းကို ယခုလို ပြော ပြသည်။
အောင်မြင်မှုနဲ့အခက်အခဲ
ဒီအနုပညာ လောကထဲ စဝင်လာကတည်းက အခက်အခဲ တွေများစွာ နဲ့ရင်ဆိုင်ပြီး ဝင်လာတယ်။ နယ်တွေကို ဇာတ်လိုက် ကရင် ဇာတ်ကား နဲ့အတူ သွားရတယ်။ ဇာတ်ကား ပစ္စည်းတွေ ပေါ်မှာ အိပ်ခဲ့ရတယ်။ လမ်းခရီးကို သက်သောင့် သက်သာနဲ့ မသွားခဲ့ရဘူး။
ဒါပေမဲ့ ပေးဆပ်ခဲ့တဲ့ အခါမှာ အခုအောင်မြင်မှု တစ်ခုကို ပရိသတ်တွေ က ပေးခဲ့တယ်။ ပရိသတ်တွေ လက်ခံမှ ကိုယ်က အောင်မြင်မှာ ဆိုတော့ အခက်အခဲ များစွာကို ရင်ခွင် ပိုက်ပြီး ကြိုးစားခဲ့ ရတယ်။ လွယ်လွယ် နဲ့ရခဲ့တဲ့ အောင်မြင်မှု မဟုတ်တဲ့ အတွက် ဒီကနေ့ထိ ပရိသတ် အားပေးနေတာပါ။
အောင်မြင်မှုကို ထိခိုက်စေတဲ့အရာ
 အောင်မြင်ပြီးတဲ့ အခါမှာ ဆက်ပြီး ထိန်းသိမ်းထားဖို့ ဆိုတာ လည်းမလွယ်ဘူး။ ကိုယ်တို့က ဇာတ်သမားမို့ ပွင့်ပွင့်လင်းလင်း ပဲ။ အောင်မြင် လာတဲ့အခါမှာ အသွားအလာ၊ အနေအထိုင်၊ အပြောအဆို၊ အစား အသောက်တွေ သတိထားနေ ရတယ်။ အနုပညာသမား အများစုက အရက်သောက် တတ်ကြတယ်။ ကျွန်တော် တို့က အနုပညာ ရှင်တွေဖြစ်တဲ့ အတွက် မူးရူးရမ်း ကားနေလို့ မရဘူး။ ဒါတွေက ကျွန်တော်တို့ အောင်မြင်မှု အတွက် ထိခိုက်နိုင်တယ်။ အောင်မြင် လာပြီ ဆိုရင် လူတွေ အများကြီး ထဲမှာ ကိုယ်ဟာ ထင်ပေါ်နေတဲ့ အတွက် ဆင်ခြင်ရ တယ်။ မအောင်မြင်ခင် အောင်မြင်ဖို့ ကြိုးစားရတာ ခက်သလို၊ အောင်မြင်ပြီး ကျရှုံး မသွားအောင် အောင်မြင်မှုကို ထိန်းသိမ်း ရ တာလည်း မလွယ်ကူလှဘူး။
အောင်မြင်ချင်တာနဲ့ နာမည်ကြီးချင်တာ မတူ
 အောင်မြင်ချင်တာနဲ့ နာမည်ကြီးချင်တာ နဲ့က လုံးဝမတူ ဘူး။ အားလုံးက အောင်မြင်ချင်တဲ့ စိတ်တစ်ခု နဲ့ ဒီလောကမှာ လာလုပ် ကြတယ်။ အောင်မြင်ချင်တဲ့ စိတ် တစ်ခု နဲ့ လုပ်ရင်း လုပ် ရင်းကနေ တချို့ အမှားတွေနဲ့ တွေ့သွားတယ်။ နာမည်ကြီးချင် တာက လွယ်လွယ်လေး။ နာမည်ကြီး ချင်တယ် ဆိုရင် ပိုက်ဆံ နဲ့ လုပ်ယူလို့ ရတယ်။ ဒါပေမဲ့ ရေရှည်မခံဘူး။ အောင်မြင်ချင်ရင် ကြိုးစားရမယ်။ အရည် အချင်း ရှိရမယ်။ ပြည်သူ လက်ခံမှ အောင်မြင်တယ် လို့ခေါ်တယ်။ ဒီနှစ်ခု ကို သေချာစဉ်းစား ရွေး ချယ်ပါ။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ