Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, August 29, 2014

ကလေးလုပ်သား အသုံးပြုမှု စစ်တမ်းကောက်မည်

ကလေးလုပ်သား အသုံးပြုမှု စစ် တမ်း ကောက်ယူရန်ရှိကြောင်း မြန်မာ နိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်MTUF ဥက္ကဋ္ဌ ဦးအောင်လင်းက ပြော သည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စု  ဝန်ကြီး၏ ညွှန်ကြားချက်အရ မြို့တစ် မြို့၏ ကလေးလုပ်သား အသုံးပြုမှု စစ် တမ်းကို ကောက် ယူမည်ဖြစ်ကြောင်း၊ ထိုသို့ ကောက်ယူရန် ရန်ပုံငွေလိုအပ် ပြီး ပေါင်းစပ်လုပ်ဆောင်မည့်အဖွဲ့ အစည်းများကိုလည်း ဖိတ်ခေါ်ကြောင်း ၄င်းက ပြောသည်။

”ကျွန်တော်တို့အနေနဲ့ ပံ့ပိုးမှုလို ပါတယ်။ ဒါ့အတွက် ဘတ်ဂျက်မရှိသေး ဘူး”ဟု ၄င်းကဆိုသည်။
MTUF  သည် ၂ဝ၁၃ ဒီဇင်ဘာ လတွင် အနည်းဆုံးအခကြေးငွေဆိုင်ရာ စစ်တမ်းတစ်ခုကို ကောက်ယူခဲ့ပြီး အဆိုပါ စစ်တမ်းကို ယခုလအတွင်း အလုပ်သမားဝန်ကြီး ဦးအေးမြင့်အား ပေးအပ်ခဲ့ကြောင်း၊ ယခုကောက်ယူမည့် စစ်တမ်းသည် ဒုတိယအကြိမ် ကောက်ယူမည့် စစ်တမ်းဖြစ်ကြောင်း သိရ သည်။
ကလေးလုပ်သား အသုံးပြုမှုနှင့် ပတ်သက်၍ အလုပ်သမားများ သွေး စည်းညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ)က ၂ဝ၁၁ ခုနှစ်တွင် စစ်တမ်းကောက်ယူ ခဲ့ဖူးသည်။ သို့သော် အရပ်ဘက်အဖွဲ့ အစည်းများက ထိုသို့စစ်တမ်းကောက် ခြင်းထက် အစိုးရက လုပ်ဆောင်ခြင်းက ပိုသင့်လျော်ကြောင်း၊ ကလေးလုပ်သား များအား မှတ်ပုံတင်ခြင်းကို လုပ်ဆောင် သင့်ကြောင်း ခုံသမာဓိကောင်စီ (အ လုပ်သမားကိုယ်စားလှယ်) ဦးရဲနိုင်ဝင်း က ပြောသည်။
”အရင်ဆုံး ကလေးလုပ်သားတွေ မှတ်ပုံတင်ရမယ်၊ အဲဒါမှ ကလေး လုပ် သားအမျိုးအစားခွဲလို့ရမယ်။ ပြီးတော့မှ သူတို့ရဲ့ ပညာရေး၊ ဘဝရပ်တည်ရေး အတွက် အစိုးရက မူဝါဒ ချပေါ့”ဟု ဦးရဲနိုင်ဝင်းက မှတ်ချက်ပြုသည်။
အလုပ်သမားဝန်ကြီးဌာနသည် ယခုနှစ်အတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား စစ်တမ်းကောက်ယူရန် ရှိပြီး အဆိုပါ စစ်တမ်းတွင် ကလေးလုပ် သားအသုံးပြုမှု စစ်တမ်းလည်းပါမည်ဟု အလုပ်သမားညွန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားထားသည်။
လက်ဖက်ရည်ဆိုင်နှင့် စားသောက် ဆိုင်များအား စစ်တမ်းကောက်ယူမှု အရ ရန်ကုန်တိုင်းဒေကြီးတွင် ကလေး လုပ်သားဦးရေ ခုနစ်သောင်းခန့်ရှိ ကြောင်း အလုပ်သမား များ သွေးစည်း ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ) က ထုတ်ပြန်ထားသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ