Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, August 29, 2014

Waste Not အမှိုက်ပြတိုက်

Share
အမှိုက်ထဲက အနုပညာ
Waste Not သည် တရုတ်အနုပညာရှင်စုန်သုန် (Song Dong)  ပြသသည့် ပြခန်းပစ္စည်းတစ်ခု၏ အမည်ဖြစ်သည်။ “မစွန့်ပစ်နဲ့” ဟု အဓိပ္ပာယ်ရသော ယင်းပြကွက်တွင် စုန်သုန်သည် ကွယ်လွန်သွားရှာပြီဖြစ်သော သူမိခင်ပိုင်ဆိုင်သော ပစ္စည်းပေါင်း ၁ သောင်းကျော်ကို ခင်းကျင်းပြသထားသည်။ သူ၏ မိခင်သည် ပြန်လည်အသုံးပြု၍ရသော ပစ္စည်းများကို မစွန့်ပစ်ဘဲနေခဲ့သည်ဟုသိရသည်။     သူ၏ ခြိုးခြံချွေတာမှုနှင့် ပစ္စည်းများကို ပြန်လည်ပြုပြင် အသုံးချခြင်းအလေ့အထသည် ၁၉၅ဝခုနှစ်နှင့် ၁၉၆ဝ ခုနှစ် ကြားကာလတွင် ဖြစ်ပေါ်ခဲ့သော တရုတ်ပြည်တွင်းဆင်းရဲမှုဒဏ်များကြောင့် ဖြစ်ရသည်ဟု စုန်သုန်က ပြောပြခဲ့သည်။

မိခင်ဆန္ဒ 
၂ဝဝ၂ခုနှစ်တွင် စုန်သုန်၏ ဖခင်ကွယ်လွန်ခဲ့ပြီးနောက်ပိုင်း သူ့မိခင်၏ ပစ္စည်းများအပေါ် စွဲလမ်းစိတ်သည် ပိုမိုပြင်းထန်ခဲ့သည်။ ထို့ကြောင့် စုန်သုန်နှင့် သူ၏ ညီမတို့သည် မိခင်ကြီး၏ စိတ်သက်သာရာရကြောင်းအနေနှင့် ယင်းပစ္စည်းများကို အနုပညာဖန်တီးမှုတစ်ခု (an art installation) အဖြစ်ဖော်ပြရန် ကြိုးစားခဲ့ကြသည်။ ထို့ပြင် မိသားစု တစ်စု၏ အတွေ့အကြုံက ရောင်ပြန်ဟပ်သော ခေတ်သစ်တရုတ်သမိုင်းအတွက် လည်း ရည်ရွယ်ခဲ့သည်။
စုန်သုန်တို့ မိသားစုသည် အလယ်အလတ်တန်းစားမှာ ပါဝင်ခဲ့သော်လည်း “ယဉ်ကျေးမှု တော်လှန်ရေး” ကာလအတွင်း (၁၉၆၆-၁၉၇၆)မှာ သူ၏ ဖခင်ဖမ်းဆီးခြင်းခံခဲ့ရပြီး သူ့မိခင် Zhao Xiangyuan  က မိသားစုကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည်။ စုန်သုန်ကို ၁၉၆၆ခုနှစ် တွင် ပေကျင်းမြို့၌ မွေးဖွား သောကြောင့် ဆယ်ကျော် သက် အရွယ် သာဖြစ်သည်။ သူ၏ ဖခင်သည် သူ၏ ပန်းချီအနုပညာစိတ်ဝင်စားမှုကို အားပေးခြင်းမရှိခဲ့ပေ။ သို့သော် ၁၉၈၉ခုနှစ်တွင် ပေကျင်းမြို့ Capital Normal တက္ကသိုလ်မှ အနု ပညာ ဘာသာ ရပ်ဖြင့် ဘွဲ့ရရှိခဲ့သည်။
အနုပညာဒဿန
စုန်သုန်၏ အနုပညာဖန်တီးမှုများသည် ပြောင်းလဲခြင်းနှင့် မမြဲသော နိယာမသဘောတရားများကို ဖော်ပြသည်။ တောက်ဝါဒီ D(Taoist) တစ်ဦးဖြစ်သော စုန်သုန်က Vistual art သည် တောက်အတွေးအခေါ်ကို ရှာဖွေရာတွင်အား အကြီးဆုံးလမ်းစဉ်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ တောက်ဝါဒအရ သဘာဝတရားကို သာမန်အမြင်၊ အတွေး၊စိတ်ကူးတို့ဖြင့် ဖွင့်ဆိုရှင်းပြ၍ မရနိုင်ဟု စုန်သုန်က ဆိုသည်။
ဘဝလမ်းကြောင်း
၁၉၉၂ခုနှစ်တွင် စုန်သုန်သည် သူ၏ အနုပညာသူငယ်ချင်း Yin Xiuzhen နှင့် လက်ထပ်ခဲ့ပြီး အနုပညာများကို ဆက်လက်စမ်းသပ်လုပ်ကိုင်ခဲ့ကြသည်။၁၉၉၅ ခုနှစ်မှစ၍ စုန်သုန်သည် နေ့စဉ်ဒိုင်ယာရီ ရေးခြင်းကို စတင်ခဲ့သည်။ စာရေးရာတွင်လည်း မင်ထက် ရေသန့်ကို အသုံးပြုပြီး ကျောက်ပြားပေါ်တွင် ရေးသားခြင်းဖြစ်သည်။ သူသည် တိဘက်သို့လည်း မကြာခဏ သွားရောက်ခဲ့သည်။ စုန်သုန်နှင့် သူ့ဇနီးတို့သည် ပေကျင်းကို အနုပညာဖန်တီးမှု၏အဓိကအကြောင်း အရာအဖြစ် ပြုလုပ်ခဲ့သည်။
အနုပညာဖန်တီးမှု
သမိုင်းဝင် ပေကျင်းမြို့ကြီးသည် ခေတ်မီအဆောက်အအုံများကြောင့် ဖြိုဖျက်ခံနေရသည်ဟု စုန်သုန်က မြင်သည်။ ” မြို့တော်အား စားသုံးခြင်း”  (Eating the City)အနု ပညာ ဖန်တီးတင်ဆက်မှုကို ၂ဝဝ၃- ၂ဝဝ၆ ခုနှစ်များတွင် ဘာစီလိုနာ၊ ပေကျင်း၊ ဟောင်ကောင်၊ လန်ဒန်၊ အောက်စဖို့ဒ်နှင့် ရှန်ဟိုင်းမြို့များတွင် ပြသခဲ့ရာ လူကြိုက် များခဲ့ သည်။၁၉၉၇ခုနှစ်တွင် Touching My Father  တင်ဆက်မှုကို လုပ်ခဲ့သည်။ ကမ္ဘာကျော် Waste Not  တင်ဆက်မှုကိုမူ ၂ဝဝ၅ခုနှစ်တွင် ပေကျင်းမြို့၌ စတင်ပြသ ခဲ့ပြီး ကနေဒါ၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့တွင်လည်း လှည့်လည်ပြသခဲ့သည်။
” ကျွန်တော့်အမေဟာ အဝတ်စပိုင်းတွေကို အထည်ချုပ်ဖို့ ယူလာခဲ့သည်။ ဒီလိုလုပ်ခြင်းဖြင့် အစိုးရကပေးတဲ့ အဝတ်အစားကူပွန်တွေကို ဝယ်စရာမလိုတော့ ဘူးလို့ လည်း ပြောတယ်” ဟု စုန်သုန်က သူ့မိခင်နဲ့ပတ်သက်ပြီး ပြောဆိုခဲ့သည်။ သူ၏ မိခင်သည် “မစွန့်ပစ်နဲ့” (Waste Not) အလေ့အထကို Fobao (တရုတ်အခေါ်) မှော် လက်နက်တစ်ခုလို သဘောထားပြီးဆင်းရဲမှုကို တိုက်ခိုက်ကာကွယ် ပေးနိုင်သည်ဟု ယုံကြည်ကြောင်းလည်း ပြောပြခဲ့သည်။ Waste Not ပြပွဲကို ၂ဝဝ၅ခု နှစ်တွင် ပေ ကျင်းမြို့၌ စတင်ပြသခဲ့ပြီး ၂ဝ၁ဝခုနှစ်တွင် Song Dong: Dad and Mom, Don’t Worry about US, We Are All Well (စိတ် မပူပါနဲ့ မေမေ၊ ကျွန်တော်တို့အားလုံး အဆင်ပြေနေပါတယ်)ဟူ၍ နာမည်ပြောင်းလဲခဲ့သည်။ ၂ဝ၁၁ခုနှစ် ဆန်ဖရန်စစ္စကိုမြို့တွင် ပြသခဲ့သောပွဲ၌ စုန်သုန်သည် သူ့မိခင်ပစ္စည်းများသာမက မိသားစု နှင့် ပတ် သက်သော ဓာတ်ပုံ အနုပညာတင်ဆက်မှုကိုပါ ပြသခဲ့သည်။
ပြခန်းတွင်သွားတိုက် ဆေးဘူးခွံများ၊ ပန်းကန်လုံးများ၊ ကစားစရာများ၊ ပုလင်းများ၊ ဖောက်တံများ၊ ဘူးခွံများ၊ ဘောပင်များ၊ ခဲတံများ၊ အဝတ်အထည်များ၊ ဖိနပ်များ စသည် ဖြင့် ပစ္စည်းများစွာ ပါဝင်သည်။ ယင်းတို့အနက် ဆပ်ပြာတုံး ဟောင်း ကလေးများကို စုန်သုန်အနှစ်သက်ဆုံးဖြစ်သည်။ ” ဒီ ဆပ်ပြာတုံးလေးတွေကို ကျွန်တော့် ကို အမေက မင်္ဂလာလက်ဆောင်အဖြစ်ပေးခဲ့တာပါ” ဟု စုန်သုန်က ပြောပြသည်။
ဆုတံဆိပ်များ
စုန်သုန်သည် ၂ဝဝဝ ခုနှစ်တွင် UNESCO Bursory Laureate ဆုရရှိခဲ့သည်။ ၂ဝဝ၆ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ Gwanju Biennale  မှ ချီးမြှင့်သော Grand Award  ဆုကိုလည်းရရှိခဲ့သည်။ ကမ္ဘာကျော်သတင်းဌာနကြီးများ ဖြစ်ကြသော  The New York Times, BBC, The Independent တို့အပြင် Architects Journal  တို့ကလည်း စုန်သုန်၏ အနုပညာဖန်တီးမှုကို ချီးကျူးေ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ