Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, August 26, 2014

မီဒီယာနဲ့ ရန်သူလုပ်သူတွေ မြောင်းထဲရောက်ရသူတွေချည်းပါပဲ

ဘီဘီစီသတင်းဌာန မြန်မာပိုင်းမှ သတင်းထောက် ဦးဝင်းမြင့်နှင့် တွေ့ဆုံမေးမြန်းခြင်း

Win-Myint
မြန်မာနိုင်ငံတွင် မီဒီယာများကို အစိုးရအဖွဲ့အစည်းများက တရားလိုပြု၍ တရားစွဲဆိုမှုများ၊ အရေးယူ ပြစ်ဒဏ် ချမှတ်မှုများ မှ ၂၀၁၃ ခုနှစ်နှောင်းပိုင်းကာလများစပြီး စိတ်စိတ်လာခဲ့သည်။ အခုနောက်ဆုံး ဇူလိုင် ၁၀ ရက်က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်သည့် လျှို့ဝှက်ဓာတုလက်နက်စက်ရုံနှင့် စပ်လျဉ်း၍ သတင်းရေးသားဖော်ပြခဲ့သည့် ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးနှင့် ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများ၊ အဖွဲ့အစည်းများမှ ကြေညာချက်ထုတ်ပြန်ခြင်း၊ ဆန္ဒထုတ်ဖော်ခြင်း၊ဆုတောင်းခြင်းများ ပြုလုပ်ရုံမျှမက အမေရိကန် နိုင်ငံခြားရေးဌာနကပင် မြန်မာအစိုးရ၏ ထိုလုပ်ရပ် အပေါ်ရှုတ်ချခဲ့သည်အထိ ဖြစ်ခဲ့ရသည်။ ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦးအား ကြီးလေးသော ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းနှင့် စပ်လျဉ်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ရန်ကုန်အခြေစိုက် သတင်းမီဒီယာသမား ၅၀ ဦးကိုလည်း ငြိမ်း၊ စု၊ စီ ပုဒ်မ-၁၈ဖြင့် တရားစွဲထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင်း မီဒီယာများကို အစိုးရက ကိုင်တွယ်လုပ်ကိုင် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ မီဒီယာအတွေ့အကြုံ ၁၅ နှစ်ခန့်ရှိပြီဖြစ်ပြီး ထိုင်းနှင့်မြန်မာအစိုးရ၊ မီဒီယာများနှင့် အကျွမ်းတ၀င်ရှိသူ ဘီဘီစီ မြန်မာပိုင်းမှ သတင်းထောက်ဦးဝင်းမြင့်နှင့် မေးမြန်းထားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင်လည်း စစ်တပ်ကအာဏာသိမ်းပြီးနောက်မီဒီယာများ၏ လွတ်လပ်ခွင့်များ လျော့ပါးလာပြီး မီဒီယာများ အကန့်အသတ်ကြား လှုပ်ရှားဆောင်ရွက်နေရမှုများတွင် ထိုင်းမီဒီယာများ မီဒီယာလွတ်လပ်ခွင့်များနှင့် ပတ်သက်ပြီး မည်သို့ လုပ်ကိုင်ဆောင်ရွက်သည်များ၊ ထိုင်း၊ မြန်မာ မီဒီယာများ၏ ကွာခြားမှုများကို ဤမေးမြန်းမှုတွင် ဖတ်ရှုနိုင်ပါသည်။
ထိုင်းနိုင်ငံကို စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် မီဒီယာလွတ်လပ်ခွင့်မှာ ဘယ်လိုရိုက်ခတ်မှုတွေ ရှိပါသလဲ။
ထိုင်းအာဏာသိမ်းပြီးနောက် သတင်းသမားတွေအတွက် ရိုက်ခတ်မှုရှိခဲ့ပါတယ်။ သတင်းတင်ပြမှုကို အာ ဏာသိမ်းအဖွဲ့က အမြဲစောင့်ကြည့်ပြီး စစ်တပ်က ကြေညာချက်ထုတ်ပြန်တိုင်း တိုက်ရိုက်လွှင့်ပေးရတယ်။ သတင်းတင်ပြရာမှာ ဘက်နှစ်ခုကိုမေးပြီးတင်ပြလို့မရဘူး။ အထူးသဖြင့် အတိုက်အခံအဖွဲ့တွေရဲ့ သဘော ထားအမြင်ကို တင်ပြလို့မရဘူး။ ဒါကရိုက်ခတ်မှုပါ။ တစ်ခုရှိတာက ပြီးခဲ့တဲ့ကာလအတွင်း သတင်းမီဒီ ယာ တွေကိုအသုံးချပြီး နိုင်ငံရေးလှုပ်ရှားမှု၊ လှုံ့ဆော်မှုတွေ အကြီးအကျယ်လုပ်ခဲ့တယ်။ ဘယ်လောက်အထိ ဖြစ် ခဲ့လဲဆိုတော့ အိမ်ရှေ့မှတီဗီတစ်လုံး အိမ်နောက်ဖေးမှာ တီဗီတစ်လုံး အဲ့ဒီလို မိသားစုအတွင်း စိတ်ဝမ်းကွဲ မှုတွေ ဖြစ်ခဲ့တယ်။ ဒါကြောင့်လည်း အခုအခါ နိုင်ငံရေး တည်ငြိမ်မှုအတွက် ယာယီထိန်းထိန်းသိမ်းသိမ်းဖြစ် ဖို့လုပ်တဲ့သဘောတော့ ရှိပါတယ်။
ထိုင်းနိုင်ငံက မီဒီယာတွေ မီဒီယာလွတ်လပ်ခွင့်ကို ဘယ်လိုဖြေရှင်းပါသလဲ။
ထိုင်းမှာကသတင်းဌာနကြီးတွေကအတွေ့ အကြုံအတိုင်းအတာ တစ်ခုအထိ ရှိနေပြီဖြစ်လို့ သတင်းကျင့်ဝတ် ကိုအတော်လေးထိန်းတယ်။ အချက်အလက်တိကျခိုင်မာမှုရှိအောင်လုပ်ပါတယ်။ ပညာရှင် တွေရဲ့ ထောက် ပြချက်၊ တင်ပြချက်တွေကိုရယူတယ်။ အခု မြန်မာနိုင်ငံကဓာတုလက်နက်စက်ရုံဆိုတာမျိုးက အဲဒီလို ပညာ ရှင်တွေဆီက အတည်ပြုချက်မျိုး ဓာတ်ခွဲ စမ်းသပ်ချက်မျိုးတွေ မပါတာကြောင့် သတင်းအားနည်းချက်ရှိတယ် လို့ ပြောနိုင်ပါတယ်။ ဒါကလည်း ပွင့်လင်းစ နိုင်ငံတွေ မှာ ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။ ထိုင်း မှာတော့ ပြဿနာဖြစ်ခဲ့ရင် အသရေဖျက်မှု နဲ့ တရားစွဲဆိုလေ့ရှိတယ်။မီဒီယာသမားတွေ စည်းလုံးညီညွတ်ကြလား။ ဘယ်လိုလုပ်ဆောင်ကြလဲ။ထိုင်းမှာတော့ မီဒီယာတွေ စည်းလုံးမှုရှိတယ်။ တစ်ယောက်ထိ တစ်ယောက်မခံ ဖြစ်သလိုမီဒီယာနဲ့သက်ဆိုင်တဲ့ အသင်းအဖွဲ့ကလည်း ခိုင်မာတာကြောင့် အကူအညီပေးမှုရှိပါတယ်။ တစ် ချိန်တည်းမှာပဲမီဒီယာတစ်ခုခုကမှားတယ်၊အားနည်းချက်ဖြစ်တယ်ဆိုရင်လည်း ပြတ်ပြတ်သားသား ထောက် ပြပြော ဆိုလေ့ရှိပါတယ်။
မီဒီယာတွေကို ပြစ်ဒဏ်ပေးအရေးယူတာတွေအပေါ် ပြည်တွင်းမီဒီယာသမားတွေရဲ့လုပ်ဆောင် ချက်ကို ဘယ်လိုမြင်လဲ။
ပြည်တွင်းမီဒီယာတွေက တုံ့ပြန်ချက်မှန်တယ်လို့ ပြောလို့ရတယ်။ တရားစွဲတာကိုမပြောလိုဘူး။ တရားစီရင် ရေးကလွတ်လပ်မှုရှိရမယ်၊ ထောက်ဒဏ်ကို အမြင့်ဆုံးနီးပါးပေးခဲ့တာဟာ တမင်ခြိမ်းခြောက်မှုလို့ မြင် နိုင် တယ်။ ဒါကြောင့်လည်း မီဒီယာသမား တွေက တစ်ခဲနက်တုံ့ပြန်ကြတာဖြစ်ပါတယ်။
ပြစ်ဒဏ်တွေ ချမှတ်တာတွေနဲ့ပတ်သက် ပြီးဘာတွေ လုပ်ဆောင်ဖို့လိုမလဲ။
အာဏာရှိသူတွေနဲ့ ရင်ဆိုင်ရတာဖြစ်လို့ သတင်းသမားတွေက တောင်းဆိုတာကန့်ကွက်တာကလွဲပြီး သိပ် လုပ်နိုင်မှာမဟုတ်ဘူး။ ပြည်တွင်းမှာတောင်းဆိုလို့ မရရင် ပြည်ပမီဒီယာအဖွဲ့အစည်းနဲ့ ချိတ် ဆက်ပြီးလုပ်ရ မှာပဲ။ အခုလို စွပ်စွဲပြစ်တင်တဲ့ တာဝန်ရှိသူတွေ အာဏာရှိနေချိန်မှာ ပြောလို့မရတော့ အာဏာမရှိ တော့တဲ့ အခါပြန်ဆုံးမနိုင်ဖို့စောင့်ရမှာပေါ့၊ မီဒီယာနဲ့ ရန်သူလုပ်သူတွေ မြောင်းထဲရောက်ရသူ တွေချည်းပါပဲ။
အစိုးရကို ဘယ်လိုနည်းလမ်းနဲ့ တွန်းအား ပေးဖို့ လိုမလဲ။
အပြုသဘော ဆွေးနွေးအဖြေရှာဖို့လိုပါတယ်။ အခုဖြစ်ရပ်မှာတရားစွဲတာမျိုး၊ ထောင်ချတာမျိုးအစား ဓာတု လက်နက်စက်ရုံမဟုတ်ကြောင်း ကျွမ်းကျင်တဲ့စုံစမ်းစစ်ဆေးမှုအဖြေနဲ့အတူ စွပ်စွဲချက်ကို ချေပပြီး ရေးသား တဲ့မီဒီယာကိုဝန်ချတောင်းပန်ခိုင်းတာမျိုး၊ သတင်းစာမှာဘယ်နှရက်တိတိ ကြေညာခိုင်းတာမျိုးလုပ် နိုင်ပါ တယ်။ အခုဖြစ်ရပ် လုပ်ပုံကခေါက်ရိုးကျိုးတဲ့ လုပ်ရပ်မျိုး ဖြစ်နေတယ်။ အစိုးရက အထူးသတိပြုဖို့ လိုပါတယ်။ဝန်ခံရရင် သတင်းသမားတွေမှာ အားနည်းချက်ရှိပါတယ်။ ဒါပေမယ့် အခုလိုကြီးလေးတဲ့ပြစ်မှုမျိုး မပေးသင့် ဘူး။ အခုမီဒီယာကဖြစ်တဲ့ပြစ်မှုနဲ့ စစ်ခေါင်းဆောင်တွေလုပ်ခဲ့တဲ့ပြစ်မှုက ဘယ်သူပိုများမလဲ။ ဘယ်သူက စေတနာအမှားလည်း အများကသိပါတယ်။ ဒါကိုအာဏာရှိသူတွေ နားလည်ဖို့ လိုပါတယ်။ အာဏာမရှိ တော့တဲ့နေ့မှာ အများပြည်သူအရှေ့မှာ ဘယ်လိုရင်ဆိုင်နေထိုင်မလဲ ဆိုတာလည်း အမြဲ သတိပြုစေချင် ပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ