Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 2, 2014

Amerli မြို့ကို အီရတ် တပ်ပေါင်းစု သိမ်း

အီရတ်နိုင်ငံ မြောက်ပိုင်း အာမီးလီ မြို့ထဲကို အီရတ် အစိုးရတပ် အပါအဝင် ရှီအာ လက်နက်ကိုင် တွေနဲ့ ကာ့ဒ်ဒစ်ရှ် ပက်ရှ်မဲဂါး တပ်ပေါင်းစု တွေ၊ ဝင်ရောက် သွား နိုင်ပြီ ဖြစ်ပါတယ်။

အာမီးလီ မြို့ မှာ ရှိကြတဲ့ ရှီအာ ဘာသာဝင် တာ့ခ်မင် လူနည်းစုဝင်တွေ ဟာ အစ္စလာမ်မစ် နိုင်ငံ အစွန်းရောက် သူပုန်တွေ ရဲ့ ဝန်းရံ ပိတ်ဆို့မှုကို ၂ လ ကျော် ခံခဲ့ကြရတာ ပါ။


အာမီးလီ မြို့ ကို အီရတ် တပ်ပေါင်းစု တွေ၊ ထိန်းချူပ်နိုင် ဖို့ စစ်ဆင်ရာမှာ အမေရိကန် နဲ့ အီရတ် အစိုးရ လေယာဉ်တွေ က လေကြောင်း ပစ်ကူတွေ ပေးခဲ့ပါတယ်။

ဒါ့အပြင်၊ မိုဆိုးလ်မြို့ အနီး မဟာဗျူဟာမြောက် အရေးပါတဲ့ ရေလှောင်ဆည်ကြီး တဝိုက်မှာ ရှိတဲ့ အစ္စလာမ်မစ် နိုင်ငံ တပ်ဖွဲ့ဝင်တွေ ကို အမေရိကန်တို့က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ်ခဲ့ပါ တယ်။

အနောက်ပိုင်း ပြည်နယ် အဲန်ဘာ မှာတော့၊ အဆိုပါ အစွန်းရောက် အဖွဲ့က အသေခံ ဗုံး၂ လုံး ခွဲခဲ့တဲ့ အတွက်၊ ရာမာဒီ မြို့မှာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ရပါတယ်။ ခွဲခဲ့တဲ့ အထဲက ဗုံးတစ်လုံးကတော့ အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင် တို့ အခြေစိုက်ရာ အဆောက်အဦ ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ တာ ဖြစ်ပါတယ်။



Amerli မြို့ တိုက်ပွဲ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ