Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 1, 2014

ကျောက်ဖြူတွင် ရွှံ့မီးတောင်ပေါက်ကွဲ၊ လယ်ကွက်များဆုံးရှုံး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ရှောက်ချောင်း ကျေးရွာ အုပ်စုထဲမှာ ရွှံ့မီးတောင်ပေါက်ကွဲပြီး လယ် ကွက် တွေ ပျက်စီး ဆုံးရှုံး ခဲ့ပါတယ်။

သြဂုတ်လ  ၃၁ ရက် ညနေပိုင်း က ကျောက်ဖြူမြို့ အရှေ့မြောက်ဘက် ၁၃ မိုင်အ ကွာ ရှောက်ချောင်း၊ စည်မော်နဲ့ ကြတ္တိန်ရွာ သုံးရွာကြား က တောင်ကုန်းပေါ်မှာ  ရွှံ့မီးတောင်ပေါက် ကွဲတဲ့ အတွက် ချော်ရည် တွေ ကျဆင်းလာပြီး အနီးပတ်ဝန်းကျင်က လယ်ကွင်းထဲကိုပါ ၀င်ရောက်လာတာလို့  ရခိုင်လူမှု ကွန်ရက်အဖွဲ့က ပြောပါတယ်။


ညနေ ၅ နာရီခွဲကျော်ကနေ  ၇ နာရီထိ  ချော်ရည်တွေမပြတ် စီးတင်းလာတဲ့အတွက် ခန့်မှန်းခြေ လယ်ဧကပေါင်း ၃၀ ကျော်က စပါးပင်တွေ ပျက်စီးသလို နွားတင်းကုတ် တချို့ကိုလည်း ချော်ရည်က တိုက်စားသွားတယ်လို့ အဲဒီနေရာကို သွားရောက်ကြည့်ရှုခဲ့သူ ရခိုင်လူမှုကွန်ရက် ပြန်ကြားရေး တာဝန်ခံ ကိုထွန်းထွန်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။

“၅ နာရီ ၄၀ လောက်ကနေ ချော်ရည်တွေ အပေါ်ကို ပွက်လာတာပေါ့ဗျာ။ အစက တထွာလောက်ပဲမြင်ရတာ နောက်တော့ တတောင်လောက် တဖြည်းဖြည်းနဲ့ မြင့်လာတာ ပေ ၈၀ လောက်အထိ။ အုန်းဆိုတဲ့ အသံကြားရတယ်။ ဒေသအခေါ်က နဂါးတောင်ပေါ့၊”

ချော်ရည်တွေဟာ ည ၇ နာရီလောက်မှာမှ ရပ်စဲသွားကြောင်း၊ ဒီဖြစ်ရပ်မှာတော့ ထိခိုက်ဒဏ်ရာရသူတွေမရှိဘူးလို့ သူကဆက်ပြောပါတယ်။

ရွှံ့မီးတောင်ပေါက်ကွဲတဲ့နေရာဟာ အစိုးရနဲ့ အကျိုးတူကုမ္ပဏီတွေက ကျောက်ဖြူအထူးစီးပွားရေး စီမံကိန်းဇုန်လုပ်ဖို့ ရည်ရွယ်ထားတဲ့နေ ရာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်ထဲမှာ ရွှံ့မီးတောင် အများအပြားအပြားရှိပြီး အရင်ကလည်း ရွှံ့မီးတောင် ပေါက်ကွဲမှု ရှိခဲ့ဖူးပါတယ်။




No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ