Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 8, 2014

တိုင်ဝမ်စားသောက်ကုန် ကုမ္ပဏီ ၁၉၀ ကျော် ညစ်ညမ်းဆီ အသုံးပြု

တိုင်ဝမ်အာဏာပိုင်တွေဟာ ဒေသတွင်း ထိပ်တန်း ကုန်အမှတ်တံဆိပ် ဖြစ်တဲ့ ချန်ဂွမ်း စက်ရုံတွေက ထွက်တဲ့ ဝက်ဆီ ၁၃၇ တန်ကို သိမ်းဆည်းလိုက်ပြီး ညစ်ညမ်းဆီတွေကို သုံးထားတဲ့ စားသောက်ကုန်အားလုံးကို ဒေသတွင်းဆိုင်တွေပေါ်ကနေ စတင်ဖယ်ရှားဖို့ ဒီနေ့ အမိန့်ထုတ်လိုက်ပါတယ်။

တိုင်ဝမ်စားသောက်ကုန် ကုမ္ပဏီ ၁၉၀ ကျော်က ချန်ဂွမ်းဆီစက်ရုံက ထုတ်တဲ့ ဝက်ဆီရောထားတဲ့ ဆီတွေကိုသုံးခဲ့ကြောင်း စက်တင်ဘာ ၇ ရက်နေ့က ဝန်ခံခဲ့ပါတယ်။

ကောင်းရှုံနဲ့ ပင်တောင်မြို့ သားရေ စက်ရုံတွေကထွက်တဲ့ တိရစ္ဆာန်အဆီတွေနဲ့ မီးဖိုချောင်အညစ်အကြေးတွေက ရတဲ့ဆီတွေကို သုံးပြီး ပြန်လည် သန့်စင်ထားတဲ့ တန်ချိန်ရာနဲ့ချီတဲ့ ဆီတွေကို ရောင်းချမှုအတွက် ထိုင်ဝမ်ရဲတွေက လူ ၆ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ပြန်လည်သန့်စင်ထားတဲ့ ညစ်ညမ်းဆီ ၂၄၂ တန်ကို ချန်ဂွမ်းကုမ္ပဏီက ဝယ်ယူခဲ့ပြီး ဝက်ဆီ ၇၈၂ တန် ထုတ်လုပ်ရာမှာ ရောနှောခဲ့ကြောင်း၊ အဲဒီနောက် တခြားထုတ်လုပ်သူအနည်းဆုံး ၂၃၅ ခုကို ပြန်ရောင်းခဲ့တယ်လို့ ထိုင်ဝမ် စားသောက်ကုန်နဲ့ ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။

ဒါဟာ ပြန်လည်သန့်စင်ထားတဲ့ ဆီတွေသုံးမှုနဲ့ ပတ်သက်ပြီး လတ်တလော ကျော်မကောင်းကြားမကောင်းဖြစ်မှုရဲ့ နောက်ဆက်တွဲ ဖြစ်ပါတယ်။

တိုင်ဝမ် စားသုံးကုန် စောင့်ကြည့်ရေးအဖွဲ့နဲ့ ပြည်သူ့ကျန်းမာရေးအဖွဲ့တို့ဟာ ညစ်ညမ်းဆီ သုံးခဲ့တဲ့ လုပ်ငန်းတွေကို စက်တင်ဘာ ၅ ရက်နေ့က စတင်ဖော်ထုတ်ခဲ့တာပါ။

အဲဒီနောက် ၂ ရက်အတွင်း ညစ်ညမ်းဆီတွေကို သုံးခဲ့ကြောင်း ဝန်ခံတဲ့ ကုမ္ပဏီ အရေအတွက် ၇၇ ခုကနေ ၁၉၀ ကျော်ထိ တိုးသွားပါတယ်။

ဒီကိစ္စကြောင့် ဒေသခံစားသုံးသူတွေ ထိတ်လန့်ခဲ့ကြပြီး လူအများအပြားက ကုန်တိုက်တွေနဲ့ ဆိုင်တွေမှာ သူတို့ ဝယ်ထားခဲ့တဲ့ ကုန်စည်တွေအတွက် ငွေကို ပြန်တောင်းခဲ့ကြပါတယ်။

တရုတ်ပြည်မကြီးကတော့ ချန်ဂွမ်းကုမ္ပဏီထုတ် ကုန်စည်တွေကို ဘယ်ကုမ္ပဏီကမှ ပြည်မကြီးကို တင်သွင်းခဲ့တာ မရှိဘူးလို့ ကနဦးစစ်ဆေးမှု အပြီးမှာ အတည်ပြုခဲ့ပါတယ်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ