Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

ခေါင်းလောင်းရှာဖွေသည့်အဖွဲ့ကို စိစစ်ရန်လိုပြီဟု မွန်သုတေသနအသင်း ဝေဖန်



တစ်လကျော်ကြာမြင့်နေပြီဖြစ်သည့် ဓမ္မစေတီခေါင်းလောင်းရှာဖွေနေသည့် အဖွဲ့ကိုခွင့်ပြုချက်ပေးထားသော
ရန်ကုန်တိုင်းအစိုးရအနေဖြင့် စိစစ်ကြပ်မတ်ရန် အချိန်တန်ပြီဖြစ်ကြောင်းမွန်သမိုင်း သုတေသနအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘တိုင်းအစိုးရ အားနည်းချက် ဖြစ်တယ်။ မရေရာတဲ့ကိစ္စကို ခွင့် ပြုတာ၊ ဘာလို့ခွင့်ပြုတာလဲ၊ ဘယ်အထောက် အထားနဲ့ ဆယ် မှာရောမေးခဲ့ရဲ့လား။ ပေါ့ပေါ့ဆ ဆ လက်မှတ်ထိုးပေးလိုက်တာ။ သိပ်စဉ်းစားထားပုံလည်း မရဘူး။ အစိုးရအဖွဲ့မှာတာဝန်ရှိတယ်’’ဟု မွန်သမိုင်းသုတေသနအသင်းတွဲ ဖက်အတွင်းရေးမှူး နိုင်ရဲဇော်က ပြောသည်။

နတ်နဂါးများကိစ္စမှာသဘာဝမကျကြောင်း၊ ပြည်သူကို တလွဲ ယုံကြည်မှုပေးခြင်းအတွက် ဦးစံ လင်းအား ခွင့်ပြုချက်ချပေးခဲ့သည့် တိုင်းအစိုးရတွင် တာဝန်ရှိကြောင်း၊ ၎င်းက ဆိုသည်။

‘‘ခေါင်းလောင်းအပြင် မြတ် စွာဘုရားရွှေစင်ရုပ်တုတော်၊ ရတနာသေတ္တာတွေလည်း ပါတယ်လို့ ဦးစံလင်းက ပြောထားတယ်။ ခု ဘာမှ ပွင့်ပွင့်လင်းလင်းမသိရဘူး။ ပွင့်ပွင့်လင်းလင်းမရှိရင် မကောင်းဘူး။ ကြေညာဖို့ လိုတယ်’’ဟု အင် ဂျင်နီယာတစ်ဦးက ပြောသည်။

ဓမ္မစေတီခေါင်းလောင်း အထောက်အကူပြုအဖွဲ့က ဦးစံ လင်းကို ယုံကြည်ဆဲဖြစ်ပြီး ရေငုပ် သမားအချို့ပြန် သွားပြီဟု ဆို သည်မှာ မဟုတ်မှန်ဘဲ ရေငုပ်သ မား ၁၀ ဦးလုံးဖြင့် ဆက်လက်ရှာဖွေမှုလုပ်ဆောင်နေ
ကြောင်း ပြန် ကြားရေးအဖွဲ့ဝင် ဦးကြည်ဝင်းက ပြောသည်။

သင်္ဘောပေါ်တွင် SKY Net ရုပ်သံရိုက်ကူးရေးအဖွဲ့လည်းရှိ ကြောင်း၊ အဓိက အလှူရှင်တစ်ဦးမှာလည်း သင်္ဘောမှ စွန့်ခွာခြင်းမရှိဘဲသင်္ဘောပေါ်တွင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ပြန်ကြားရေးအဖွဲ့က ဆိုသည်။

အစိုးရအနေဖြင့် ခေါင်း လောင်းရှာဖွေရေးအဖွဲ့ကို စိစစ် ကြပ်မတ်ခြင်း၊ ထိန်းသိမ်းခြင်း နည်းတစ်ခုခုကို ပြုလုပ်သင့် ကြောင်း အင်ဂျင်နီယာတစ်ဦးက လည်းပြောသည်။

တိုင်းလွှတ်တော်တွင် လွှတ် တော်ကိုယ်စားလှယ်တစ်ဦးဦးက ဓမ္မစေတီခေါင်းလောင်းနှင့်ပတ် သက်၍ ဦးစံလင်းအဖွဲ့ကို တိုင်း အစိုးရမှ လုပ်ပိုင်ခွင့်မည်သို့ချပေး ခဲ့သည်ကို မေးခွန်းမေးမြန်းသင့် ကြောင်း နိုင်ရဲဇော်က ဆိုသည်။

ယခင်ရက်များတွင် နေ့စဉ် လူထောင်ကျော်ခန့် သွားရောက် ကြည့်ရှုသော အေးရှားပွိုင့်ဘိုး လင်းစင်တာ ကမ်းစပ်၌ ယခုရက် ပိုင်းတွင် လူဆယ်ဂဏန်းသာ သွား ရောက်ကြည့်ရှုတော့သည်။ ရှာဖွေရေးအဖွဲ့က မည်သည့်အနက်တွင် တွေ့ရှိသည်ဟု နေ့စဉ်တိုးတက်မှုများပြော ရမည့်အစား လျှို့ဝှက်နေ၍ လူများယုံ
ကြည် မှုလျော့ကျလာခြင်း ဖြစ်သည်။

ဓမ္မစေတီခေါင်းလောင်းရှာ ဖွေမှုကို သြဂုတ် ၉ ရက်က စတင် ခဲ့ပြီး ဦးစံလင်းက ခေါင်းလောင်း ရှာတွေ့ပြီဟု သြဂုတ် ၂၆ ရက်၌သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ထုတ် ပြန်ပြီးနောက် ခေါင်းလောင်း ဆယ်ယူရေး လုပ်ငန်း လုပ်ဆောင် ရန် နောက်ထပ် ၁၇ ရက် ထပ်တိုး လုပ်ဆောင်သွားမည်ဟု ပြောခဲ့ပြီးစက်တင်ဘာ ၁၁ ရက်ဆိုလျှင် ၁၆ ရက်ပြည့်မြောက်ပြီ ဖြစ်သည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ