Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 8, 2014

လေယာဉ်ပျံဘယ်မှာလဲ

လွန်ခဲ့တဲ့ ၆ လတုန်းက မလေးရှားနိုင်ငံကနေ ပျံသန်းလာတဲ့ MH370 လေယာဉ်ဟာ ခရီးသည်ပေါင်း ၂၃၉ ယောက်နဲ့ အတူ ပျောက်ဆုံးခဲ့ပါတယ်။ အခု အဲဒီလေယာဉ်ပျောက်ဆုံးမှုကို လူတွေ မေ့ပျောက်သွား ကြပါပြီလား။

လွန်ခဲ့တဲ့ ၆ လတုန်းက လီလင်း ဟာ သူ့ခင်ပွန်းသည် အိမ်ပြန်အလာကို စောင့်မျှော်ခဲ့ပါတယ်။

သူ့ခင်ပွန်း ဘီယန် လျန်ဂျင်းဟာ အသက် ၂၈ နှစ်အရွယ် သွားဆရာဝန် တယောက်ဖြစ်ပါတယ်။


သူတို့မှာ ၂ နှစ်သားအရွယ် သားငယ်တယောက်လည်း ရှိပါတယ်။
ဘီယန်ဟာ သွားဆရာဝန်ဖြစ်ပေမဲ့ ဆေးခန်းဖွင့်ဖို့ရာ ငွေမရှိလို့ စင်္ကာပူမှာ ဆောက်လုပ်ရေးလုပ်ငန်းတခုမှာ အလုပ်သမားသွားလုပ်ပြီး ဆေးခန်းဖွင့်နိုင်အောင် ငွေစုနေသူဖြစ်ပါတယ်။

ဘီယန်ဟာ နှစ်နှစ်အရွယ်သားဖြစ်သူကို တခါမှ မတွေ့ဖူးသေးလို့ ပထမဆုံးအကြိမ် တွေ့မြင်နိုင်ဖို့ အိမ်ကို ပြန်လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ မလေးရှားကနေ တဆင့် ပြန်ခဲ့ပါတယ်။
သူပြန်လာတဲ့ရက်ဟာ မတ်လ ၈ ရက်ဖြစ်ပြီး သူစီးလာတဲ့ လေယာဉ်ဟာ MH370 လေယာဉ်ဖြစ်ပါတယ်။

တကယ်ဆိုတော့ သူအိမ်ပြန်ရောက်ဖို့ဟာ နာရီပိုင်းလောက်သာ လိုတော့တယ်လို့ ဇနီးသည် လီလင်းက ထင်ခဲ့တာပါ။

ဒါပေမဲ့ ဘီယန်ဟာ သူစီးလာတဲ့ လေယာဉ်နဲ့အတူ ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပါတယ်။

သူ့ဘဝဟာ အစိတ်စိတ်အမွှာမွှာဖြစ်သွားတယ်လို့ အသက် ၂၄ နှစ်အရွယ်ရှိ လီလင်းက ပြောပါတယ်။ တခါတရံမှာ အဖေကို မမြင်ဖူးတဲ့ သားဖြစ်သူက တစိမ်း ယောက်ျားတယောက်ယောက်ကို အဖေခေါ်လိုက်တဲ့အခါ သူ့မှာ သိပ်စိတ်ထိခိုက်ရတယ်လို့ ဆိုပါတယ်။

သူက သူ့အဖေ တနေ့နေ့မှာ ပြန်လာမယ်လို့ ပြောထားတဲ့ အတွက် သားဖြစ်သူကလည်း မမြင်ဖူးတဲ့ အဖေကို မျှော်နေတယ်လို့ ဆိုပါတယ်။

လေယာဉ်ပေါ်မှာ ပါလာသူ အများစုဟာ တရုတ်လူမျိုးတွေ ဖြစ်ကြပါတယ်။ ဘီယန်လို တခြား အလုပ်သမားတချို့လည်း ပါကြပါတယ်။ တချို့ဟာ အားလပ်ရက်မှာ မိသားစုရှိရာ ပြန်လာကြသူတွေ ဖြစ်ကြပါတယ်။
မိသားစုဝင်တွေ အားလုံးက အခုထိ လိုလားနေကြတာကတော့ အဖြေတခုခု ဖြစ်ပါတယ်။

လေယာဉ်ဘယ်ရောက်သွားသလဲ။ လေယာဉ်ဘာဖြစ်သွားခဲ့သလဲ။ သူတို့ သေပြီဆို တာ သေချာသွားပြီလား။ ဒါမှမဟုတ် အသက်များရှင်နေလေသေးသလား။ ဒီမေးခွန်းတွေရဲ့ အဖြေကို သူတို့သိချင်နေပါသေးတယ်။

ဘာဖြစ်သွားမှန်းမသိရတာဟာ သူတို့အတွက် အခက်ခဲဆုံးပြဿနာပါလို့ အသက် ၃၁ နှစ်အရွယ်ရှိ ဂျင်မီဝမ်းက ဆိုပါတယ်။

အခုလို ၆ လကြာပြီဖြစ်တဲ့ အချိန်မှာ ပျောက်ဆုံးသွားတဲ့ လေယာဉ်ကို ကျန်တဲ့ လူတွေက မေ့ချင်မေ့သွားကြမှာ ဖြစ်ပေမဲ့ ကျန်ရစ်သူမိသားစုတွေအတွက်ကတော့ ဘယ်လိုမှ မေ့မရတဲ့ ပြဿနာကြီးဖြစ်နေပါတယ်။

လူအများက လေယာဉ်ပေါ်ပါသွားတဲ့သူတွေဟာ အသက်ဆုံးရှုံးကုန်ကြပြီလို့ ယူဆကြပေမဲ့ ကျန်ရစ်သူမိသားစုတချို့ကတော့ လေယာဉ်ပေါ်ပါသွားတဲ့ သူတို့မိသားစုဝင်တွေဟာ တချိန်ချိန်မှာ အိမ်ပြန်လာလေဉီးမလားလို့ မျှော်လင့်နေကြဆဲဖြစ်ပါတယ်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ