Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 8, 2014

မျှော်လင့်ခြင်းကို လက်နှက်ချလိုက်တဲ့အခါ ...

တစ်နေ့ပြီးတစ်နေ့ ခရီးဆက်နေရတာကိုက
ကျိန်စာမိခံနေရသလို
နေ၀င်တာနဲ့ မိုးချုပ်တာဟာ တူတူပါပဲ
အလင်းလာမယ်လို့ အားမပေးကြပါနဲ့တော့
သစ္စာတရားဟာ ဒီအရပ်မှာ ခေါင်လွန်းလှတယ်။


ဝေးကွာခြင်းတွေဟာ ကျနော်နဲ့ ကျနော်ကြားမှာ
သီချင်းတစ်ပုဒ်စာလောက်ပဲ ရှိခဲ့တာပါ
မေ့တဲ့အခါလဲ မေ့ .. သိတဲ့အခါလဲ သိ
ကျနော်ဟာလဲ ကြိုးတွေနဲ့ ငြိငြိနေတယ်
ငါသိပါတယ် .. ငါသိပါတယ် လို့ ပြောနေရင်းနဲ့
ကျနော် ပျောက်ဆုံးနေတာတွေ များနေခဲ့ပြီ

မိုးရွာပြီးရင် နေပူမယ် .. နေပူပြီးရင် မိုးရွာမယ်
ဒါပါပဲ ..
အားလုံးက သူ့အလုပ်သူ လုပ်နေကြတဲ့အချိန်
ကျနော်သာလျှင် သင်းကွဲနေခဲ့တာ ...

လိုချင်တယ် ဖြစ်ချင်တယ် ရချင်တယ် ..
... ချင်တယ် .. ချင်တယ် .. ချင်တယ် ..
ဘယ်တော့ရပ်မှာတဲ့လဲ
ငြီးငွေ့စရာကောင်းတဲ့ လေထုထဲမှာ
မှားယွင်းစွာ ရပ်နေမိသမျှ
ကျနော် ဒီလိုပဲ အသက်ရှူကျပ်နေရဦးတော့မှာပါ

မထူးဆန်းပါဘူး ..
ကျနော်နဲ့ ကျနော်ဟာ အလှမ်းဝေးနေပါသေးတယ်
ဒါပေမယ့်ဗျာ ...
ဒီအရပ်မှာတော့
သစ္စာတရားဟာ ခေါင်လွန်းလှတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ