Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 9, 2014

နမ္မတူတွင် စစ်တပ်နှင့် မူးယစ်ဆေးရောင်းဝယ်သူများ ပစ်ခတ်၊ ၁ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်ထဲမှာ နယ်လှည့်အစိုးရ စစ်ကြောင်းနဲ့ မူးယစ်ဆေးရောင်းဝယ်သူတွေကြား ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ်ဆေးရောင်း ၀ယ်သူဘက်က ၁ ဦး သေဆုံးခဲ့ပါတယ်။

နမ္မတူမြို့တောင်ဘက် ၁၄ မိုင်အကွာ မန်စံကျေးရွာအနီးမှာ စက်တင်ဘာ ၈ ရက်နေ့ နေ့ခင်းပိုင်းက  တပ်မ ၇၇  လက်အောက်ခံ အစိုးရတပ်မတော်စစ်ကြောင်းနဲ့ မူးယစ်ဆေးရောင်း ၀ယ်သုံးစွဲသူ ရွာသားတွေကြား ပစ်ခတ်မှု ဖြစ်ပွားပြီး  မူးယစ်ဆေးဝါး သုံးစွဲသူ ရွာသား ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရတယ်လို့  မန်စံကျေးရွာအုပ်ချုပ်ရေးမှူး စိုင်းအောင်ဘက  ဒီဗွီဘီကို ပြောပါတယ်။


“မန်စံရွာအ၀င်ပေါ့။ အဲဒီမှာ မူးယစ်ဆေးသုံးသူတွေ က ချုံခိုပြီး သုံးစွဲနေတဲ့အချိန်မှာ တပ် မတော် ဖြတ်လေးဖြတ် စစ်ကြောင်းနဲ့ ပက်ပင်းတိုးတာပေါ့။ သူတို့ဘက်က စစ်တပ်ကို တူမီး သေနတ်နဲ့ ပစ်တာ၊ စစ်တပ်က ပြန်ပစ်တော့ တယောက် ဗိုက်မှာ ဒဏ်ရာရပြီးတော့ ဆုံးသွားတယ်။ ရေဦးရွာသားပေါ။ မန်စံတိုက်နယ်ဆေးရုံမှာ ဆုံးတာ၊ နောက်တယောက်က မန်စံက လူ။  ရင်ဘတ်မှာ ဒဏ်ရာရပြီး လားရှိုးဆေးရုံ ခေါ်သွားတယ်။ ခုထိ သေသလား ရှင်သလားတော့ မသိဘူး။ ဒဏ်ရာမရတဲ့လူကတော့ ၆ ယောက်၊ ဖိုးသမားတွေချည်းပဲ၊ အခု နမ္မတူရဲစခန်း အချုပ်ခန်းထဲမှာ ထည့်ထားတယ်။”

အဲဒီရောင်းဝယ်သူတွေဟာ ရွာနီးချုပ်စပ်ရွာတွေက ဖြစ်ကြပြီး သေဆုံးဒဏ်ရာရသူတွေနဲ့  အဖမ်းခံရသူ ၆ ဦးစလုံးဟာ လူလတ်ပိုင်းနဲ့ လူငယ်ပိုင်းတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ရွာတွေမှာ အသက် ၁၂ နှစ်ရွယ်ကလေးတွေပါ မူးယစ်ဆေးသုံးတာ တွေ့ရတဲ့အတွက် တော်တော် ဆိုးရွားနေတယ်လို့ သူက  ဆက်ပြောပါတယ်။

အစိုးရစစ်ကြောင်းကို တူမီးသေနတ်နဲ့ စတင်ပစ်ခတ်သူဟာ မူးယစ်ဆေးဝါး သုံးစွဲနေသူတွေအတွက် ကင်းစောင့်ပေးနေသူ ဖြစ်တယ်လို့ ရွာသားတဦးက ပြောပါတယ်။

အဲဒီနေရာဟာ မန်စံရွာအပြင်ဘက် လက်ဘက်တောင်ပေါ်သွားလမ်းပေါ်မှာ ရှိပြီး မူးယစ်ဆေးရောင်းသူနဲ့ ၀ယ်သူတွေ ဆုံနေကျနေရာ၊ တချို့ကတော့ အဲဒီနေရာမှာဘဲ သုံးစွဲကာ ဈေးလေးတခုလို ဖြစ်နေကြောင်း၊ ဒီနှစ်ထဲမှာ ၃ ကြိမ် ၀င်ရောက် ဖမ်းဆီးခဲ့ပေမယ့် ပျောက်မသွားဘဲ အဲဒီနားတ၀ိုက်တင် နေရာပြောင်းပြီး ရောင်းဝယ်သောက်စားနေတာ၊ အခုတခါ ဖမ်းမိပေမယ့် နောက်ထပ်လည်း ရှိဦးမှာပဲလို့ ဦးစိုင်းအောင်ဘက ပြောသွားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လားရှိုးခရိုင်မူးယစ်ရဲတပ်ဖွဲ့ကို မေးမြန်းရာမှာ တာဝန်ကျ တပ်ကြပ်ကြီး တင်ဝင်းရွှေက “မူးယစ်ဆေးနှိမ်နင်းရေးက အဲဒီဘက်မှာ လုံခြုံရေးက သိပ်မကောင်းလို့ အဲဒီက သတင်းပို့မှပဲ ကျနော်တို့ဆီက နယ်မြေခံရဲတပ်ဖွဲ့ရယ်၊ ပြည်သူ့စစ်ရယ် ပူးပေါင်းပြီး ဖမ်းလေ့ရှိတာ။ မူးယစ်တပ်ဖွဲ့ တဖွဲ့တည်းအနေနဲ့လည်း သွားလို့မရဘူး။ နယ်မြေခံတပ်ရယ်၊ ကျောက်မဲဗျူဟာက ခွင့်ပြုချက်အမိန့်ရမှာရယ်၊ နောက် ပြည်သူပူးပေါင်းပါဝင်မှ ကျနော်တို့ လုပ်လို့ရမှာ။ အဲဒီနေရာတွေက လုံခြုံရေးအရ လုံးဝစိတ်ချရတဲ့ နေရာမဟုတ်တဲ့အတွက် ကျနော်တို့ မသွားနိုင်ဘူးဖြစ်နေတယ်။ ကေအိုင်အေရော၊ အက်စ်အက်စ်အေရော အားလုံး အဲဘက်မှာ ရှိပါတယ်” လို့ ပြောပါတယ်။

နေပြည်တော်မှာ ရောက်နေတဲ့ နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းအောင်လှကတော့ ရွာသားတွေ အကြောင်းကြားလာလို့ သိပြီးဖြစ်ကြောင်းနဲ့ စစ်တပ်ရဲ့ အ ခုလို ဆောင်ရွက်ချက်ပေါ်မှာ ကြိုဆိုကြောင်း ပြောပါတယ်။

“ယာဘမဟုတ်ဘူး၊ ဘိန်းဖြူ၊ အလွယ်တကူ ရတယ်ဆိုပါတော့။ ဒီရွာက ထွက်တာတော့မဟုတ်ဘူး။ တခြားဒေသတွေက လာပြီးဖြန့်ဖြူးတယ်။ အများကြီးပဲ သုံးစွဲနေကြတာ။ ဒီမူးယစ်ဆေးဝါးကို ပပျောက်စေချင်တဲ့အနေနဲ့ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဖမ်းဆီးမှု မရှိတော့ အားနည်းချက်ပေါ့။ အခုလို ဘယ်သူမှ တိုင်ကြားမှုမရှိဘဲ ဒီလိုဖြစ်တဲ့အတွက် ကျနော်တို့က ကောင်းတယ်လို့ မြင်တယ်။”

မြန်မာနိုင်ငံဟာ ကမ္ဘာ့ပေါ်မှာ ဒုတိယမြောက် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံအဖြစ် ဆယ်စုနှစ်နဲ့ချီ ရပ်တည်နေသလို လွန်ခဲ့တဲ့နှစ်ပိုင်းတွေမှာ စိတ်ကြွဆေးပြားထုတ်လုပ်မှုတွေလည်း မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ