Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 9, 2014

ကျောင်းထိုင်ဘုန်းကြီးသင်တန်းတက်ရောက်နေသည့် ဘုန်းကြီးချင်း ဆွမ်းစားရင်း စနောက်ရာမှ ဓားဖြင့်ထိုး

ဆွမ်းဘုဉ်းပေးနေစဉ် စနောက်ရာမှ ဘုန်းကြီးချင်းဓားနှင့်ထိုးခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၆ ရက်၊ နံနက် ၆ နာရီခွဲဝန်းကျင်ခန့်က ပဲခူးမြို့အတွင်း ဖြစ်ပွားခဲ့သည်ဟု ပဲခူးမြို့၊ အမှတ် (၂) နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ပဲခူးမြို့၊ မဇင်းရပ်ကွက်ရှိ ကျောင်းထိုင်ဘုန်းကြီး သင်တန်း ကျောင်းတွင်သင်တန်း တက်ရောက်နေသည့် သက်တော် (၃၀) နှစ်၊ (၁၀) ၀ါရှိ သံဃာနှစ်ပါး ဖြစ်သည့် ဥူးဥက္ကံသနှင့် ဥူးနာဝိန္ဒတို့ နှစ်ပါးသည် ဆွမ်းဘုဉ်းပေး နေစဉ် အချင်းချင်း စနောက်ခဲ့သည်။

ထိုသို့ စနောက်နေစဉ် ဥူးနာဝိန္ဒမှ အသီး လှီးရာတွင် အသုံးပြုသည့် အရိုးအသွား ရှစ်လက်မခန့် ရှိသော စတီးဓား နှင့်ထိုးခဲ့သဖြင့် ဥူးဥက္ကံသတွင် ၀ဲဘက်နံဘေး ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ၀ဲနားထင် ပြတ်ရှ ဒဏ်ရာ တစ်ချက် ရရှိခဲ့ပြီး ဥူးနာဝိန္ဒမှာ ထွက်ပြေး တိမ်းရှောင်သွား ခဲ့သည်ဟု ရဲမှတ်တမ်း များတွင် ဖော်ပြ ထားသည်။

အမှတ် (၂) နယ်မြေရဲစခန်းမှ ဒုရဲအုပ်စိုးတင့်က “ဒဏ်ရာရတဲ့သံဃာကတော့ အသက်အန္တရာယ်စိုးရိမ်စရာ မရှိတော့ပါဘူး၊ ထွက်ပြေးတဲ့ သံဃာကို ဖမ်းမိဖို့ အတွက်ကျောင်းထိုင်ဆရာတော်ကို အကူအညီတောင်းထားပါ တယ်၊ နောက်ပြီးအခြားနယ်မြေရဲစခန်းတွေကိုလည်း သတင်းပို့ထားပါတယ်" ဟုပြောသည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဦးနာဝိန္ဒကိုအရေးယူပေးပါရန် ဒုရဲအုပ်စိုးတင့်ကတရားလိုပြုတိုင်တန်းပြီး ပဲခူးအ မှတ် (၂) နယ်မြေရဲစခန်းမှ (ပ) ၃၅၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ