Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်ခရီးစဉ် စတင်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ဟာ ဂျပန် နိုင်ငံ ခရီးစဉ် အတွက် တနင်္လာနေ့ ညနေပိုင်းက ထွက်သွားပြီ ဖြစ်ပြီ ဖြစ်ပါ တယ်။

ဒါဟာ ဗိုလ်ချုပ်မှူးကြီး ရဲ့ ဂျပန် နိုင်ငံ ပထမဆုံး ခရီးစဉ် ဖြစ်ပြီး ခရီးစဉ် အတွင်း နှစ်နိုင်ငံ စစ်ဖက် ဆိုင်ရာ ကိစ္စ တွေကို ဆွေးနွေးကြ မယ်လို့ ယူဆရ ပါတယ်။

ဂျပန် နိုင်ငံ စစ်ဦးစီးချုပ် ဟာလည်း ပြီးခဲ့တဲ့ မေလက မြန်မာ နိုင်ငံကို ပထမဆုံး အကြိမ် လာရောက် လည်ပတ် ခဲ့ပြီးနောက် အခုလို မြန်မာ ကာကွယ်ရေး ဦးစီး ချုပ်ရဲ့ ဂျပန် နိုင်ငံ ခရီးစဉ် ပေါ်ပေါက် လာတာ လည်း ဖြစ်ပါတယ်။

မြန်မာ သမ္မတရဲ့ ဒီဇင်ဘာ ခရီးစဉ် တုန်းက ဂျပန်နဲ့ စစ်ဖက် ဆိုင်ရာ ဆက်သွယ်ရေး ထူထောင်ဖို့ သဘောတူ ခဲ့တဲ့ အချက် အရ အခုလို နှစ်ဆက် စစ်တပ် ဆက်ဆံ မှုတွေ တိုးလုပ်လာ တာ ဖြစ်မယ်လို့ ဂျပန် နိုင်ငံမှာ အခြေစိုက်တဲ့ Study Group for Human Rights ၊ Democracy and Tolerance in Burma အဖွဲ့ က သုတေသီ ဦးတင်ဝင်းက ပြောပါတယ်။

ဂျပန် အနေနဲ့ မြန်မာ အပါဝင် ဗီယက်နမ် နဲ့ ဖိလစ်ပိုင် ၃ နိုင်ငံ တို့ဟာ သူတို့ အတွက် အရေးကြီးတဲ့ အခန်း ကဏ္ဍဍမှာ ရှိနေတဲ့ အတွက်လည်း အခုလို ဆက်ဆံ လာတာ ဖြစ်တယ် လို့ ဦးတင်ဝင်းက ပြောပါတယ်။

ဂျပန် ရေတပ်က စစ် သင်္ဘာ နှစ်စင်း ဟာလည်း ဒုတိယ ကမ္ဘာစစ် ပြီးနောက် ပထမဆုံး အကြိမ် အဖြစ် မြန်မာ နိုင်ငံကို ပြီးခဲ့တဲ့ နှစ် စက်တင်ဘာ လက လာရောက် လည်ပတ် ခဲ့ဖူးပါတယ်။

ဂျပန် ရေတပ်က စစ် သင်္ဘာ နှစ်စင်း ၂၀၁၃ စက်တင်ဘာက မြန်မာ နိုင်ငံကို လာရောက် လည်ပတ်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ