Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

တပတ်ကြာ ဟောင်ကောင် ကျောင်းသား သပိတ် စတင်


ဟောင်ကောင်မှာ ထောင်သောင်း ချီတဲ့ တက္ကသိုလ် ကျောင်းသားတွေဟာ Chinese University ရဲ့ ပရဝုဏ် ထဲမှာ စုရုံးပြီး လာမယ့် ရွေးကောက်ပွဲမှာ တရုတ် အစိုးရက စိတ်ကြိုက် ရွေးထားတဲ့ ကိုယ်စားလှယ်တွေ ယှဉ်ပြိုင်နိုင်ရေး အစီအစဉ်ကို ကန့်ကွက်တဲ့ အနေနဲ့ တပတ်ကြာ ကန့်ကွက် ဆန္ဒပြမှုကို စတင် လိုက်ကြပါတယ်။

ကျောင်းသား အများစုဟာ အဓိပ္ပာယ် ပြည့်ဝတဲ့ ဒီမိုကရေစီ ရအောင် စွမ်းဆောင် ရယူမယ် ဆိုတဲ့ အမှတ် သင်္ကေတ အဖြစ် အဝါရောင် ဖဲပြားတွ ဆင်မြန်းကြပြီး တက္ကသိုလ် ဝင်းထဲကို စုရုံး ဝင်ရောက် ခဲ့ကြပါတယ်။

ပညာရေး ဝန်ထမ်းတွေနဲ့ ပညာရှင် ၄၀ဝ နီးပါး ကလည်း ဒီကျောင်းသားတွေကို ထောက်ခံ အားပေးကြပါတယ်။

၂၀၁၇ ခု ရွေးကောက်ပွဲမှာ ဘေဂျင်း အစိုးရက လိုလားတဲ့ လက်တဆုပ်စာ ကိုယ်စားလှယ် တွေပဲ နေရာ ရစေမယ့် ရွေးကောက်ပွဲ စည်းမျဉ်းသစ် အပေါ် မှာ မကျေနပ်လို့ ခုလို ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဒီ ဆန္ဒပြပွဲဟာ တရားတဲ့ စည်းမျဉ်းကို ပြည်သူတွေက အာခံတဲ့ ပထမ ခြေလှမ်း အဖြစ် ရည်ရွယ်တာ ဖြစ်ပါတယ်။

ဟောင်ကောင်မှာ ရှိတဲ့ အချမ်းသာဆုံး စီးပွားရေး လုပ်ငန်းရှင်တွေ ကတော့ ဘေဂျင်း မြို့တော်ဆီ သွားရောက် နေကြပြီး ဒီဆန္ဒပြပွဲရဲ့ အကျိုးဆက် အဖြစ် စီးပွားရေး ထိခိုက်မှာ ကို စိုးရိမ်ကြောင်း သတိပေးကြပါတယ်။


Chinese University ပရဝုဏ်ထဲမှာ စုရုံးကြစဉ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ