Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, September 27, 2014

အာဖဂန်မှာ ခရိုင် တခုကို တာလီဘန်တွေ သိမ်း

အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်းမှာ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ တာလီဘန် စစ်သွေးကြွတွေ အကြား တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေရာမှာ Ghazni ပြည်နယ်ထဲက မဟာဗျူဟာ ကျတဲ့ Ajrestan ခရိုင်ကို ကြာသပတေးနေ့ ညက လက်လွှတ်လိုက်ရကြောင်း အာဖဂန် အရာရှိတွေက ပြောပါတယ်။

တာလီဘန်တွေက Ajrestan ခရိုင်ကို သိမ်းပိုက် အပြီးမှာ ဒေသခံ ၇၀ လောက်ကို သတ်ဖြတ် ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အထဲက ၁၅ ယောက် ကိုတော့ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်တယ် ဆိုတဲ့ သံသယနဲ့ တာလီဘန်တွေက ခေါင်းဖြတ် သတ်ခဲ့ကြောင်း အာဖဂန် ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။

Ghazni ပြည်နယ်ဟာ အာဖဂန် နစ္စတန် အရှေ့တောင်ဘက် ပိုင်းနဲ့ မြို့တော် ကာဘူးလ် အကြား အရေးကြီးတဲ့ ထွက်ပေါက် ဖြစ်ပါတယ်။

အာဖဂန် အစိုးရ တပ်တွေက အဲဒီ နယ်မြေကို ပြန်ရဖို့ ဆက်လက် တိုက်ခိုက် နေပေမယ့် တခြား နယ်မြေတွေကို တာလီဘန်တွေ ထပ်မံ တိုက်ခိုက် လာနိုင်တဲ့ အန္တရာယ် ရှိနေကြောင်း သိရပါတယ်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ