Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 8, 2014

ပီအာ စနစ် ကန့်ကွက်ကြောင်း လက်မှတ်ကောက်ခံ

ပီအာ ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် ကန့်ကွက်ကြောင်း လက်မှတ်ကောက်ခံပွဲနဲ့ ပီအာစနစ်အကြောင်း ဟောပြောပွဲကို ဒီနေ့ ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ဓမ္မိကရာမ ဘုန်းကြီးကျောင်းမှာ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းကျင်းပခဲ့ပါတယ်။

လက်မှတ်ကောက်ခံပွဲနဲ့ပတ်သက်ပြီး ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ရက် အထွေထွေအတွင်းရေးမှူး ကိုမြတ်ကျော်က အခုလိုပြောပါတယ်။

"ဆရာ တင်မင်းဦးတို့၊ ဆရာ မောင်အောင်ရှိန်တို့ကနေ ပီအာကန့်ကွက်ဟောပြောပွဲရယ်၊ လက်မှတ်ထိုးပွဲရယ်ကို ဒဂုံဆိပ်ကမ်းမှာ လုပ်တာပေါ့နော် အဲ့လိုမျိုး၊ ပီအာလက်မှတ်က ၈ ရက်နေ့ညမှာ နောက်ဆုံးစုမှာ၊ မင်္ဂလာတောင်ညွန့်မှာ ကောက်တယ်၊ တောင်ဒဂုံ ကောက်တယ်၊ ဆိပ်ကမ်းကောက်တယ်၊ ဒေါပုံ ဝင်ကောက်တယ်ပေါ့နော်၊ အဲ့အပြင် မြို့နယ်တွေကတော့ သူတို့လို တက်ကြွလှုပ်ရှားသူတွေက ဝင်ကောက်နေတယ်"

ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၁၁ မြို့နယ်မှာ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ရက်၊ ဒီမိုကရေစီအင်အားစု၊ ကြည့်မြင်တိုင် လူမှုဖံွ့ဖြိုးရေးကွန်ရက် အဖွဲ့ဝင်တွေက ပြီးခဲ့တဲ့သြဂုတ်လ ၂၉ ရက်နေ့ကစပြီး မနက်ဖြန်အထိ ပီအာစနစ် ကန့်ကွက်တဲ့ လက်မှတ်တွေ ကောက်ခံနေတာဖြစ်ပါတယ်။

ကောက်ခံရရှိတဲ့ လက်မှတ်တွေကို ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေကို ပေးပို့သွားမှာဖြစ်ပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ