Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 8, 2014

ကမ္ဘာ့လှည့်ခရီးသွားများ ဆွဲဆောင်နိုင်ရန် မနူဟာအရုပ်သွန်းပွဲတော် ဒုတိယအကြိမ် ကျင်းပ

ပုဂံ-ညောင်ဦးတွင် မနူဟာအရုပ်သွန်းပွဲတော်လှည့်လည်ကျင်းပနေစဉ်
ပုဂံမြို့ ခရီးသွားရာသီ အစတွင် ပြုလုပ်သော မနူဟာ အရုပ်သွန်းပွဲတော်ကို ကမ္ဘာ့လှည့် ခရီးသွားများဆွဲဆောင်ရန်ရည် ရွယ်ကာ စက်တင်ဘာ ၇ ရက် တွင် ဒုတိယအကြိမ် ကျင်းပခဲ့သည်။အဆိုပါအရုပ်သွန်းပွဲတော် ကို မနူဟာဘုရားပွဲတော် အစနေ့ ဖြစ်သော စက်တင်ဘာ ၇ ရက် တွင်ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
 ခရီးသွားရာသီအစ၏ ဆွဲ ဆောင်မှုအဖြစ် မနူဟာဘုရားပွဲ တွင် နှစ်စဉ်ကျင်းပသည့် အရုပ် သွန်းပွဲတော်ကို ပုဂံမြို့ စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်း၊ ဟိုတယ်လုပ်ငန်းရှင် များအသင်း၊ ဧည့်လမ်းညွှန်များ အသင်းတို့ ပူးပေါင်း၍ ဆုပေးသည့် စနစ်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်။


 ‘‘ဒီအရုပ်သွန်းပွဲကို ဧည့် သည်တွေက အရမ်းစိတ်ဝင်စား တယ်။ အဲဒါကြောင့် စည်ကား အောင် ပြုလုပ်ပေးတာ။ အရုပ် သွန်းတဲ့ သူတွေလည်း ကောင်း မွန်အောင် ပြုလုပ်ဖို့အတွက် ဆု ပေးတဲ့ စနစ်လုပ်ပေးတာပါ။ ဧည့် သည်တွေ ဒီအချိန်ဆိုရင် ပုဂံမှာ အရုပ်သွန်းပွဲရှိတယ်ဆိုတာ သိစေချင်တာပါ’’ဟု ပုဂံမြို့စားသောက်ဆိုင်လုပ်ငန်းရှင်များ  အသင်းမှ ဦးတင့်ဆွေကပြောသည်။
ယခုနှစ်အရုပ်သွန်းပွဲတော် တွင် အရုပ်ပေါင်း ၇၈ ရုပ်ပါဝင်ပြီး ပြိုင်ပွဲဝင် ၂၈ ရုပ်ဖြင့် ယှဉ် ပြိုင်ခဲ့သည်။ အရုပ်သွန်းပွဲတော်တွင် ဘုရားလောင်းသိဒ္ဓတ္ထမင်းသား အရုပ်က ပထမဆုရရှိသွားပြီး ဗိုလ်ချုပ်အောင်ဆန်းအရုပ်က နှစ်သိမ့်ဆုသာရရှိခဲ့သည်။
အဆိုပါပွဲတော်တွင် အရုပ် မျိုးစုံကို ၀ါးဖြင့် ပြုလုပ်ပြီး ရုပ် လုံးပေါ်တွင် ဆေးသုတ်အလှဆင် ကာလူများက အရုပ်အတွင်းသို့ ၀င်၍ လှည့်လည်သွားလာပြသခြင်း ဖြစ်သည်။ ၂၀၁၃ ခုနှစ် အရုပ် သွန်းပွဲတော်တွင် ဒေါ်အောင်ဆန်း စုကြည်အရုပ်မှာ နှစ်သိမ့်ဆုရရှိခဲ့သည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ